Connect with us

Highlights

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတ မစ္စတာရှီကျင့်ဖိန် (Mr. Xi Jinping ) မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးထင်ကျော် အား ဂုဏ်ပြုခြင်းသဝဏ်လွှာပေးပို့

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သမ္မတ မစ္စတာ (Mr. Xi Jinping )မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးထင်ကျော်အား ၂၀၁၆ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ဂုဏ်ပြုခြင်း သဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန် က အဆွေတော် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရကြောင်း သိရှိရသည့်အတွက် ကျွနု်ပ် အဆွေတော်ထံသို့ လှိုက်လှဲစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

အဆွေတော်၏ ဦးဆောင်မှု၏အောက်တွင် မြန်မာပြည်သူပြည်သား တို့သည် နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် အောင်မြင်မှုပိုမိုရရှိ နိုင်မည်ဟုကျွနု်ပ်ယုံကြည်ပါသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေဆက်စပ်လျက်ရှိပြီး ပေါက်ဖော်ချစ်ကြည်ရေးနက်ရှိုင်းလှပါသည်။

သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ်(၆၀)ကျော်အတွင်းမှာ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို အခြေခံ၍ အိမ်နီးချင်းကောင်းဆက်ဆံရေး တိုးမြှင့်ခြင်း၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အောင်မြင်ခြင်းတို့သည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများကိုဆောင်ကျဉ်းစေ၍ မိမိဒေသတို့၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်မှုကိုလည်း ဖြစ်ထွန်းစေခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုတွင် တရုတ်-မြန်မာ နှစ်နိုင်ငံလုံးသည် ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသောအချိန်သို့ရောက်ရှိနေပါသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှုကို ဆထက် ထမ်းပိုးပိုမိုနက်ရှိုင်းစွာတိုးမြှင့်ခြင်းသည် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူတို့၏ အကျိုးနှင့် ကိုက်ညီမည် ဖြစ်ပါသည်။

တရုတ်-မြန်မာဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံ မှုအဆက်မပြတ်တည်ငြိမ်စွာတိုးမြှင့်ပြီး နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအတွက် အဆွေတော်နှင့်အတူ ကြိုးပမ်းဆောင်ရွက်နိုင်ရန် ဆန္ဒရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117