Connect with us

Politics, Law & Military

USDP ပါတီမှ ပါတီဝင် ၁၇ ဦး ထုတ်ပယ်မှုသည် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိကို သုံးသပ် ဆုံးဖြတ် ဆောင်ရွက်ပေးရန် လိုအပ်ဟု သူရ ဦးရွှေမန်းဆို

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး၌ သူရ ဦးရွှေမန်းအား တွေ့ရစဉ် (ဓာတ်ပုံ- Thura U Shwe Mann Facebook)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေး ပါတီ (USDP) မှ ပါတီဝင် ၁၇ ဦး ထုတ်ပယ်မှုသည် တည်ဆဲ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/ မရှိကို ပြည်ခိုင်ဖြိုး ပါတီဝင်များ အပါအဝင် ပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့အစည်းများက သုံးသပ် ဆုံးဖြတ် ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ယခင် ပါတီ ဒုတိယ ဥက္ကဋ္ဌ/ဥက္ကဋ္ဌ အဖြင့် ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့သော သူရ ဦးရွှေမန်းသည် ဧပြီလ ၂၂ ရက်တွင် အနားပေးခဲ့ကြောင်း အကြောင်းကြားစာ လက်ခံရရှိခဲ့ပြီး သတင်းများအရ အနားပေးခဲ့သူများတွင် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်အများစု အပါအဝင် ပါတီဝင် (၁၇) ဦး ပါဝင်ခဲ့သည်။

သူရဦးရွှေမန်းက ပါတီဝင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ပါတီကို ကိုယ်စားပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ ပြည်သူ့ အကျိုးအတွက် မိမိ၏ နိုင်ငံရေး ခံယူချက် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး မိမိ၏ နိုင်ငံရေး ခံယူချက်မှာ ပြည်သူ့ဘဝ လုံခြုံရေး၊ ပြည်သူ ကောင်းစားရေးနှင့် နိုင်ငံ တိုးတက်ရေး ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန် ယူနေရ၍ မိမိ၏ နိုင်ငံရေး ခံယူချက်ကို လွှတ်တော်၊ အစိုးရ၊ ပြည်သူများနှင့်အတူ နိုင်ငံနှင့် နိုင်ငံသား အကျိုး စီးပွားအတွက် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ထားကြောင်း သူရ ဦးရွှေမန်းက ပြောကြားသည်။

ပါတီဝင်များ ထုတ်ပယ်မှုသည် ပါတီတွင်းနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို တစ်နည်း မဟုတ် တစ်နည်းဖြင့် သက်ရောက်မှု တစ်စုံတစ်ရာ ရှိလာနိုင်သည်ဟု ယူဆ ပါသဖြင့် မိမိတို့ ဆက်လက် တင်ပြမည့် ကိစ္စရပ်များကို နားလည် လက်ခံ ဆုံးဖြတ် ဆောင်ရွက် ပေးနိုင်ပါရန် ကြိုတင် အသိပေးကြောင်း ၎င်းကဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117