Connect with us

Politics, Law & Military

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း တစ်ရပ် ရေးဆွဲပြီး ရက် ၁၀၀ တွင်း ဆောင်ရွက်မည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် အားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ရပ် ရေးဆွဲပြီး ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူ လူထုအတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ ရက် ၁၀၀ အတွင်း လေကြောင်း ကဏ္ဍတွင်မူ ART လေယာဉ် အမျိုးအစား ၃၀ ကျော်ကို သုံးစွဲလျက် ရှိခြင်း အဆိုပါ လေယာဉ်များ ပြင်ဆင်မူ လိုအပ်လာပါက အခြားနိုင်ငံများသို့ သွားရောက် ပြင်ဆင်ရသည့် အတွက် နိုင်ငံခြား ငွေများ ပိုမို သုံးစွဲရသဖြင့် နိုင်ငံတွင်းမှာပင် ပြင်ဆင်သွားနိုင်ရန် အကောင်အထည် ဖော်ဆောင်မည် ဖြစ်သည်။

ကမ်းပြို ကာကွယ်ရေး ရက်ပေါင်း ၁၀၀ စီမံချက် များကို ရန်ကုန် တိုင်းဒေသကြီးတွင် နှစ်ခု၊ ပဲခူးတိုင်း ဒေသကြီးတွင် တစ်ခု၊ မကွေး တိုင်းဒေသကြီးတွင် တစ်ခု၊ မန္တလေး တိုင်းဒေသကြီးတွင် ခုနစ်ခု၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် ၁၃ ခု၊ ရခိုင်ပြည်နယ်တွင် လေးခု၊ မွန်ပြည်နယ်တွင် နှစ်ခုနှင့် ကချင် ပြည်နယ်တွင် ခြောက်ခုအထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

ကိုယ်ပိုင် ဂြိုလ်တု တစ်ခုအနေနှင့် အသုံးပြုရန် ကြိုးပမ်းသွားခြင်းဖြင့် ဂြိုဟ်တုငှားခ ဈေးနှုန်းများ သက်သက် သာသာနှင့် သုံးစွဲလာနိုင်မည် ဖြစ်ပြီး ဂြိုဟ်တုစနစ်နှင့် အဝေးဖိုင်ဘာ ဆက်ကြောင်းများ၊ မိုက်ခရို ဆက်ကြောင်းများဖြင့် မြန်မာနိုင်ငံ၏ ဒေသ တော်တော်များကို ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနိုင်ရန် ရက် ၁၀၀ အတွင်း လုပ်ဆောင်မည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117