Connect with us

Politics, Law & Military

မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်မှုများ နီးကပ်စွာ ဆက်လက် မြှင့်တင် ဖော်ဆောင်ရေး နှစ်နိုင်ငံ သမ္မတများ အထူး အလေးထား ဆွေးနွေး

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် ရုရှားဖက် ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ- ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍနှင့် ပူးပေါင်းဆောင် ရွက်မှုများကို နီးနီးကပ်ကပ်ဖြင့် ဆက်လက် မြှင့်တင် ဖော်ဆောင်ရေးတို့ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ရုရှားဖက် ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် တို့သည် အထူး အလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများအနေဖြင့် ချစ်ကြည်ရေး အသင်းများကို နှစ်နိုင်ငံလုံးတွင် တည်ထောင်ပြီး ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ဖော်ဆောင်ရေး ၊ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရေးနှင့် ပြည်သူ အချင်းချင်း ပိုမိုထိတွေ့ ဆက်ဆံခွင့် ရရှိအောင် ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာ-ရုရှား နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲ အတွင်း အထူး အလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် ရုရှားဖက် ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ- Myanmar President Office)

ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ ရေးဆွဲရေးနှင့် ဒုတိယအကြိမ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မရှင် အစည်းအဝေး ဆက်လက် ကျင်းပနိုင်ရေး၊ မြန်မာ-ရုရှား ကုန်သွယ်ရေး ကဏ္ဍနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ နိုင်ငံခြား ကုန်သွယ်ရေးဘဏ်နှင့် ရုရှားနိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ပြီး ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဦးစားပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ရုရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နံှရေး၊ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ အနေဖြင့် မော်စကိုနှင့် ရန်ကုန် လေကြောင်း ဝန်ဆောင်မှုများ ပြန်လည်စတင်ရေး၊ စက်မှုကဏ္ဍ အနေဖြင့် ရုရှားနိုင်ငံ၏ အကူအညီဖြင့် မကြားမီ ဖွင့်လှစ်မည့် ရှမ်းပြည်နယ်ရှိ အမှတ ်(၂) သံမဏိ စက်ရုံအတွက် နည်းပညာအကူ ဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊ စွမ်းအင် ကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ အနေဖြင့် လူမှုရေး ဆိုင်ရာ ပူူးပေါင်း တာဝန်ယူမှုများကို ဆောင်ရွက်ပေးရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)