Connect with us

Stock Market

စတော့ရှယ်ယာဈေးများ ပြန်လည်တည်ငြိမ်လာ

ရန်ကုန်မြို့ စတော့ဈေးကွက် မြင်ကွင်းတစ်ရပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

စတော့ရှယ်ယာ ဈေးနှုန်းများ ကမောက်ကမ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် နေသူများကို ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဟု ရန်ကုန် စတော့အိတ်ချိန်း မှ ဇွန်လ ၁ ရက်တွင် သတိပေး ကြေညာချက် ထုတ်ပြန်လိုက်သည့် နောက်ပိုင်းတွင် စတော့ရှယ်ယာ ဈေးများ ပြန်လည် တည်ငြိမ်လာကြောင်း ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ ဝယ်ယူသူ တချို့သည် စတော့ရှယ်ယာများကို ဝယ်ယူရန် မှာထားပြီး အမှန်တကယ် အရောင်းအဝယ် ဖြစ်ခါနီးတွင် ရှယ်ယာများကို မဝယ်ယူတော့ဘဲ ဈေး ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်လာကြသဖြင့် ရန်ကုန် စတော့အိတ်ချိန်း အနေဖြင့် သတိပေး ကြေညာချက်ကို ထုတ်ပြန် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းကြေညာချက်တွင် ယင်းသို့ စတော့ဈေးကွက် ထိခိုက်စေရန်၊ ရှယ်ယာဈေးနှုန်းများ ကမောက်ကမ ဖြစ်စေရန် တမင် ရည်ရွယ် လုပ်ဆောင်ကြောင်း ထင်ရှားပါက ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေပုဒ်မ (၅၄) နှင့် (၆ဝ) တို့အရ အရေးယူမည်ဟု ရန်ကုန် စတော့အိတ်ချိန်းမှ သတိပေးချက်တွင် ဖော်ပြထားပြီး အဆိုပါ ပုဒ်မများအရ ပြစ်မှု ကျူးလွန်သူများသည် ၁ဝ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်တို့ ချမှတ် အရေးယူ ခံရနိုင်ကြောင်း ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117