Connect with us

Local

(၅၃) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ ယူရို ၅၃၃ သန်းကျော်ဖိုး ရောင်းရ

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် မြန်မာ့ပုလဲများအား စစ်ဆေးကြည့်ရှုနေသော ရတနာ ကုန်သည် တစ်ဦးကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက် အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၅၃) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲပေါင်း ၄,၇၇၁ တွဲတို့ကို ရောင်းချနိုင်ခဲ့ရာ တန်ဖိုးအားဖြင့် ယူရိုငွေ ၅၃၃.၄၉ သန်းရှိကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီက ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

ပုလဲအတွဲပေါင်း ၃၆၅ တွဲကို ဇွန်လ ၂၅ နှင့် ၂၆ ရက် နှစ်ရက်တာ တင်ပြခဲ့ရာ ၃၁၂ တွဲ ရောင်းထွက်ခဲ့ပြီး တန်ဖိုး ငွေ ယူရို ၃.၁၂ သန်း၊ ကျောက်မျက် ၅၁၂ တွဲကို ဇွန်လ ၂၇ ရက်တွင် တင်ပြခဲ့ရာ ၆၃ တွဲ ရောင်းထွက်ပြီး တန်ဖိုးငွေ ယူရို ၃.၂၉ သန်း၊ ကျောက်စိမ်းတွဲ ၆,၀၆၂ တွဲကို ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၆ ရက်အထိ တင်ပြခဲ့ရာ အတွဲ ၃,၉၄၇ တွဲ ရောင်းထွက်ခဲ့ပြီး တန်ဖိုးငွေ ယူရို ၅၂၇.၀၈ သန်း အသီးသီး ရောင်းထွက်ခဲ့သောကြောင့် ရောင်းရတန်ဖိုး စုစုပေါင်း ယူရို ၅၃၃.၄၉ သန်းရှိသည်။

(၅၃) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲသို့ပြည်တွင်း ပြည်ပ ရတနာကုမ္ပဏီ ၁,၆၂၈ ခုမှ ရတနာကုန်သည် စုစုပေါင်း ၄,၁၇၇ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ပြည်ပ နိုင်ငံ ခြောက်နိုင်ငံမှ ရတနာ ကုမ္ပဏီပေါင်း ၉၁၉ ခုတို့မှ ရတနာ ကုန်သည် ၂,၀၆၉ ဦးတို့လာရောက်ခဲ့ကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကုမ္ပဏီ ၈၉၅ ခုတို့မှ ရတနာကုန်သည် ၂,၀၁၇ ဦး ဖြင့် အများဆုံး လာရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပြည်တွင်းရှိ ကုမ္ပဏီ ၇၀၉ ခုမှ ကုန်သည် ၂,၁၀၈ ဦးတို့လည်း ရတနာပြပွဲသို့ လာရောက်ခဲ့သည်ဟု မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် (၅၂) ကြိမ်မြောက် ပြပွဲတွင် ယခု အကြိမ်ထက် ရောင်းအား ပိုများခဲ့သည်။ သို့ရာတွင် စပေါ်ငွေ အဆုံးခံပြီး လာမရွေးသည်များလည်း ရှိခဲ့သည်ဟု မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက မီဒီယာကို ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117