Connect with us

Local

မြန်မာနိုင်ငံသားများဘဏ် (MCB) အား ရန်ကုန် စတော့ အိတ်ချိန်းတွင် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ အဖြစ် သတ်မှတ် ကြေညာ

ရန်ကုန်စတော့ အိတ်ချိန်းရုံးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ)

ရန်ကုန် စတော့အိတ်ချိန်း(YSX)တွင် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ အဖြစ် မြန်မာနိုင်ငံသားများ ဘဏ်(MCB)အား အသိအမှတ်ပြုကြောင်း ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် သတ်မှတ် ကြေညာခဲ့သည်။

“စတော့ အိတ်ချိန်းမှာ ရှယ်ယာ ရောင်းဝယ်မှုတွေကို ဩဂုတ် ၂၆ ရက်မှာ စပြီး ပြုလုပ်သွားမှာပါ။ရှယ်ယာတန်ဖိုး သတ်မှတ်မှုတွေကို ဩဂုတ် ၂၅ ရက်မှာ ကြေညာသွားပါမယ်” ဟု မြန်မာနိုင်ငံသားများ ဘဏ်(MCB)မှ မန်နေဂျင်း ဒါရိုက်တာ ဦးမြင့်ဝင်းက ဆင်ဟွာသို့ ပြောသည်။

မြန်မာနိုင်ငံသားများဘဏ်(MCB)သည် ရန်ကုန် စတော့အိတ်ချိန်းတွင် ပထမဆုံး စာရင်းဝင်သော ပြည်တွင်း ဘဏ် တစ်ခု ဖြစ်လာသည်။

ယခုအခါတွင် ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် FMI ကုမ္ပဏီ ၊ မြန်မာ သီလဝါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ များနောက် မြန်မာနိုင်ငံသားများဘဏ်သည် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ တစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117