Connect with us

Economy

ပျားရည် တရုတ်နိုင်ငံသို့တင်ပို့

ပျားရည်အားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် သြဂုတ်လ ဒုတိယပတ် ကာလအတွင်း အမေ ရိကန်ဒေါ်လာ ၁၇၅၀ တန်ဖိုးရှိ မြန်မာနိုင်ငံထွက်ပျားရည် ၂၄ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဇူလိုင်လအတွင်းက ပျားရည်တင်ပို့မှုမရှိဘဲ ဇွန်လတွင် ၃၆ တန်ခွဲတင်ပို့ ခဲ့ကြောင်း သိရသည်။

မြန်မာ့ပျားရည်ကို ပြည်တွင်းသုံးစွဲမှုထက် ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့ရကြောင်း၊ ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအနေနှင့် သာအသုံးပြုပြီး ပြည်ပနိုင်ငံများကမူ သကြားအစားပျားရည် စားသုံးကြောင်း၊ အအေးပိုင်းနိုင်ငံများတွင် ပျားရည်ကို အဓိကထားပြီး သုံးစွဲကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117