Connect with us

Social

လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် ၃၀၀ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် တင်ဒါ အောင်မြင်သော ကုမ္မဏီ အမည်စာရင်းအား ကြေညာ

ရန်ကုန်မြို့ အား ညဘက် တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် ဓာတ်အားခ ဈေးနှုန်း အနည်းဆုံးဖြင့် ၃၀၀ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် တင်ဒါအောင်မြင်သော ကုမ္မဏီမှာ Consortium of National Infrastructure Holdings Co.,Ltd., MCM Pacific Pte.Ltd., APR Energy Plc& Ace Resources Group Pte.Ltd.,ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ ထုတ်ပြန် ကြေညာခဲ့သည်။

၃၀၀ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အား ထုတ်ပေးနိုင်မည့် ဓာတ်အားပေးစက်များ ဌားယူလိုကြောင်း တင်ဒါ ခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ ၆ ခုမှ တင်ဒါ တင်သွင်းခဲ့ပြီး တင်ဒါ စည်းကမ်းချက် များနှင့် အညီ စိစစ်၍ ကနဦး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၃ ခု စာရင်းကို ကြေညာခဲ့ပြီး ဈေးနှုန်း ဖွင့်ဖောက် စိစစ်ချက်များအရ ကုမ္ပဏီ ၂ ခုအား ဆန်ကာတင်(Short List)စာရင်း ကြေညာခဲ့ရာ ယခုအခါတွင် ဓာတ်အားခ ဈေးနှုန်း အနည်းဆုံးဖြင့် ၃၀၀ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် တင်ဒါအောင်မြင်သော ကုမ္မဏီ အမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထိုတင်ဒါ အောင်မြင်သော ကုမ္ပဏီ အနေဖြင့် ၂၀၁၇ ခုနှစ် နွေရာသီ ကာလ လိုအပ်သော ဓာတ်အား အချိန်မီ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117