Connect with us

Social

ပြည်ပနိုင်ငံများသို့အလုပ်သမား စေလွှတ်မှုများအား ၂၀၁၇ ခုနှစ်မှ စ၍ အလုပ်အကိုင် နိုင်ငံကူး လက်မှတ် (JP)ဖြင့်သာ ခွင့်ပြု ဆောင်ရွက်သွားမည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ တဆင့် ပြည်ပ နိုင်ငံများသို့သွားရောက်မည့် သူများအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စ၍ အလုပ်အကိုင် နိုင်ငံကူး လက်မှတ်(Job Passport)ဖြင့် ဆောင်ရွက်ရန် အကြောင်းကြားထားကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အလုပ်သမားများသည် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင် ပြီး ဗီဇာသက်တမ်းတိုးပါက အလည်အပတ် နိုင်ငံကူး လက်မှတ်(Visit Passport)ဖြင့်သွားရောက်သူများသည် သက်တမ်းတိုးရန် အခက်အခဲရှိသလို ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားသူများနှင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ခွဲခြားရန် ခက်ခဲမှု ရှိပါသဖြင့် အလုပ်သမားများနှင့် ခရီးသွားသူများကို စိစစ်နိုင်ရန်အတွက် နောင်တွင် အလုပ်သမား စေလွှတ်မှုများအား အလုပ်အကိုင် နိုင်ငံကူး လက်မှတ်(JP) များဖြင့်သာ ခွင့်ပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများသည် နိုင်ငံကူးလက်မှတ်အမျိုးအစား အလုပ်အကိုင် နိုင်ငံကူး လက်မှတ်(JP) ဖြင့် လျှောက်ထားရာတွင် အခက်အခဲရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီမှတစ်ဆင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် သွားရောက် ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပြည်ပအလုပ်အကိုင် လိုင်စင်ရ အကျိုးဆောင် အေဂျင်စီ များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများအား စေလွှတ်ရာတွင် အလုပ်သမား အများစု သည် နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လျှောက်ထားခြင်းမပြုဘဲ ပွဲစားများ၏ လျှောက်ထား ပေးခြင်းအရ သော်လည်းကောင်း ၊ အေဂျင်စီများဖြင့် အဆက်အသွယ် မရှိခြင်းကြောင့်သော်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်အမျိုးအစား အလည်အပတ် နိုင်ငံကူး လက်မှတ်(Visit Passport)ဖြင့်သာ လျှောက်ထား၍ သွားရောက်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117