Connect with us

Asia

တူရကီ နိုင်ငံ တိုက်လေယာဉ်များမှ ဆီးရီးယား နယ်နိမိတ် အတွင်းရှိ IS တပ်ဖွဲ့ကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်

တူရကီ နိုင်ငံ F-16 တိုက်လေယာဉ် များအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံမှ F-16 တိုက်လေယာဉ် ၃ စင်းသည် ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းတွင် တူရကီ နိုင်ငံ အရှေ့တောင်ဘက်ရှိ Diyarbakır စစ်ဘက် လေတပ်စခန်းမှ စတင် ထွက်ခွာခဲ့ပြီး တူရကီ နိုင်ငံ နယ်နိမိတ် နှင့် နီးကပ်သည့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့ကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက် ခဲ့သည်။

တိုက်လေယာဉ် များသည် သက်မှတ် ထားသည့် IS တပ်ဖွဲ့ ပစ်မှတ် နေရာ ၃ နေရာကို တိုက်ခိုက် နိုင်ခဲ့ပြီး အချိန် ၅ မိနစ်ကြာ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီးနောက် Diyarbakır စစ်ဘက် လေတပ်စခန်းသို့ ပြန်လာခဲ့ကြောင်း တူရကီ ရုပ်သံ ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

သတင်း ထုတ်ပြန်ချက်တွင် ယခု ပြုလုပ်သည့် စစ်ဆင်ရေးသည် တူရကီ ဝန်ကြီးချုပ် Ahmet Davutoğlu မှ အန်ကာရာ မြို့တွင် ဇူလိုင်လ ၂၃ ရက် ညက အရေးပေါ် အစည်းအဝေး ပြုလုပ် ခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ကြောင်း ပါဝင်သည်။

ယခုလ ၂၀ ရက်နေ့တွင် တူရကီ နိုင်ငံနှင့် ဆီးရီးယား နိုင်ငံ နယ်စပ်ရှိ Şanlıurfa မြို့တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ တူရကီ ရဲဌာနမှ ဗုံးခွဲ တိုက်ခိုက်သူ သည် တူရကီ နိုင်ငံမှ အသက် ၂၀ ရှိ လူငယ် တစ်ဦးဖြစ်ပြီး ဆီးရီးယား နိုင်ငံသို့ ဝင်ရောက်၍ IS တပ်ဖွဲ့နှင့် ပူးပေါင်း ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

တူရကီ နိုင်ငံ မီဒီယာများ၏ သတင်း ဖော်ပြချက်များအရ တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံအား IS တပ်ဖွဲ့များကို တိုက်ခိုက်ရန် အတွက် တူရကီ နိုင်ငံ တောင်ပိုင်း Adana မြို့ ရှိ လေတပ် စခန်းအား အသုံးပြုရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117