Connect with us

Sport

မြန်မာ နှင့် ထိုင်း ဆီမီး ဖိုင်နယ် ပထမ အကျော့ ပွဲစဉ်အတွက် လက်မှတ်များ အားလုံး ရောင်းချ ပြီးစီးကာ ဆက်လက် ရောင်းချရန် မရှိ

ကြိုတင်လက်မှတ် ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် ပရိသတ်များအား တွေ့ ဆုံ နှုတ်ဆက်နေသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်အား တွေ့ ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

အာဆီယံ ချန်ပီယံရှစ် (၂၀၁၆ ဆူဇူကီး ဖလား) မြန်မာ နှင့် ထိုင်း ဆီမီး ဖိုင်နယ် ပထမ အကျော့ ပွဲစဉ်အတွက် အထူးတန်း နှင့် ရိုးရိုးတန်း လက်မှတ်များ အားလုံး ယနေ့ဒီဇင်ဘာ ၃ ရက်တွင် ရောင်းချပြီးစီးကာ ဆက်လက် ရောင်းချရန် မရှိတော့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ သတင်းထုတ်ပြန်ခဲ့သည်။

ဘောလုံးကွင်း ဝင်ဆန့်သည်မှာ ၃ သောင်း ၊ ကွင်းထဲ အရောက် အားပေးနေချင်သည့် ပရိသတ်မှာ ၃ သိန်းခန့် ရှိသော အခြေအနေမျိုး ဖြစ်နေကြောင်း ၊ တကယ်တမ်း ဝင်ဆန့်မှု ရှိသလောက်သာ ရောင်းချပေးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)ဥက္ကဋ္ဌ ဦးဇော်ဇော်က ယနေ့မနက်ပိုင်း သုဝဏ္ဏကွင်းတွင် ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ် အတွက် ကြိုတင်လက်မှတ် ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် ပရိသတ်များနှင့် တွေ့ဆုံနှုတ်ဆက်စဉ် ထည့်သွင်း ပြောကြားခဲ့သည်။လက်မှတ် ဝယ်လိုအား များပြားခြင်းကြောင့် ယနေ့လက်မှတ်များ အပြီး ရောင်းချပေးခဲ့သဖြင့် ပွဲကစားမည့် နေ့တွင် လက်မှတ်များ ရောင်းချရန် မရှိတော့ကြောင်း သိရသည်။

ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် ပွဲကြို လက်မှတ်များကို သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် လှည်းတန်း စင်တာတို့တွင် ဒီဇင်ဘာ ၂ ရက်မှ စတင်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ထိုင်းအသင်းတို့သည် ဒီဇင်ဘာလ ၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117