Videos
တရုတ်နိုင်ငံ၏ သံတမန်အရေးနှင့်ပတ်သက်၍ အထူး မှတ်သားဖွယ်ရာများ
ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
၂ဝ၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ အရေးပါသည့် နိုင်ငံတကာ ထိပ်သီး အထူးအစည်းအဝေးများတက်ရောက်ရင်း
နိုင်ငံပေါင်း ၁၂ နိုင်ငံ သို့ နိုင်ငံခြားခရီးစဉ် ၅ ကြိမ်ဖြင့် သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်များအတွင်း သမ္မတရှီကျင့်ဖိန်မှ တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးနှင့် မိတ်ဘက်နိုင်ငံများ၏
ဒေသတွင်း ငြိမ်းချမ်းရေးကိစ္စရပ်များ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည့် သဘောထားကိုမိတ်ဆက်ခဲ့သည်။
တရုတ်နိုင်ငံ၏ သဘောထားကို တစ်ကမ္ဘာလုံးမှပိုမိုနားလည် လက်ခံလာပါက မိတ်ဖက် နိုင်ငံများစွာဖြင့် ပိုမိုရင်းနှီးကျွမ်းဝင်ကာ နှစ်ဦးနှစ်ဖက်အကျိုးပြုနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများပိုမို လုပ်ဆောင်နိုင်လာမည်ဖြစ်သည်။ ထိုသို့
ပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများအားလုံး ပိုမိုသာယာကောင်းမွန်သည့် ကမ္ဘာ့အသိုက်အဝန်းကိုအနာဂတ်တွင် ပုံဖော်တည်ဆောက်နိုင်မည်ဖြစ်သည်။(Xinhua)