Connect with us

Myanmar

သမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သတ်မှတ်ပြစ်ဒဏ်များ လျှော့ပေါ့ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ထုတ်ပြန်

၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်က သမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အတူတကွ တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

ထောင်ဒဏ် ၄ နှစ်စီ ပြစ်ဒဏ် အသီးသီးချမှတ်ခံထားရသော သမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သတ်မှတ်ပြစ်ဒဏ်များ လျှော့ပေါ့လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း နိုင်ငံပိုင်သတင်းဌာနက ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေနှင့်အညီ မှန်ကန်မျှတစွာ တရား စီရင်မှုကို နိုင်ငံသားအားလုံးကလေးစားလိုက်နာ ခံယူကြရမည်ဖြစ်ကြောင်း ၊ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအနေဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားရုံးကချမှတ်ခဲ့သည့် ထောင်ဒဏ် ၄ နှစ်စီ အနက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ထောင်ဒဏ်(၂) နှစ်ကို လွတ်ငြိမ်းသက်သာခွင့်ပြုပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ (၁)အရကျခံရန် ကျန်ရှိသည့် ထောင်ဒဏ်(၂) နှစ်အား လက်ရှိထိန်းသိမ်းထားသည့်နေရာ၌ပင် ကျခံစေရန် အမိန့်ထုတ်ပြန်၍ ပြစ်ဒဏ်မှလျှော့ပေါ့ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်(သီးသန့်) တရားရုံးတွင် တရား ရင်ဆိုင်လျက်ရှိသည့် ဦးဝင်းမြင့်သည် ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၃၆/၂၀၂၁ ဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ကို ဖောက်ဖျက်ကျူးလွန် ခဲ့ကြောင်း ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကိုလည်းကောင်း၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၃၅/၂၀၂၁ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ(ခ)ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကိုလည်းကောင်း ကျခံစေရန် အတွက် ယနေ့တွင် ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်းဖော်ပြထားသည်။

အလားတူ အဆိုပါတရားရုံးတွင် တရားရင်ဆိုင်လျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၃၇/၂၀၂၁ ဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှား စီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကိုလည်းကောင်း၊ ပြစ်မှုဆိုင်ရာအမှုကြီး အမှတ် ၃၅/၂၀၂၁ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ(ခ)ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကိုလည်းကောင်း ကျခံစေရန်အတွက် ယနေ့တွင် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117