Connect with us

Politics

တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့မှ (၂+၂) အဆင့်မြင့် အရာရှိ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တရုတ် နိုင်ငံ ယူနန် ပြည်နယ် ကူမင်း မြို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပ ခဲ့သည့် (၂+၂) အစည်းအဝေး သို့ တက်ရောက်ခဲ့သည့် အရာရှိများအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန )

ကူမင်း ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့မှ (၂+၂) အဆင့်မြင့် အရာရှိ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့က တရုတ် နိုင်ငံ ယူနန် ပြည်နယ် ကူမင်း မြို့တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တွေ့ဆုံပွဲသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျုံကျိန်မင် (Lui Zhenmin) နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ၊ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး Shao Yuanming ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တက်ရောက် ခဲ့ကြသည်။

နှစ်နိုင်ငံအရာရှိ တို့က တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်း အပေါ် သုံးသပ် ခဲ့ကြပြီး မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသ ပြဿနာ ကို ကောင်းမွန်စွာ ဖြေရှင်းရမည်ဖြစ်ကြောင်း ကို လက်ခံခဲ့ကြသည်။ထို့ပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေး ကိုထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ခေတ်သစ် သို့ တွန်းအားပေးရန် အတွက် အလွန် အရေးပါကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ မြောက်ပိုင်းအခြေအနေ နှင့် ပတ်သက်၍ အနီးကပ် ဆက်သွယ်မှု များကို ဆက်လက် ဆောင်ရွက်ပြီး နယ်စပ်ဒေသ ပူးပေါင်း ထိန်းသိမ်းရေးကို ရှေ့ဆက်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ၊ အတူတကွ နယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး နယ်စပ်ဒေသ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ကာ နယ်စပ်ဒေသ ရှိ နှစ်နိုင်ငံ ပြည်သူလူထု တို့ကို အကျိုးကျေးဇူးများ ခံစားစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

တရုတ် နိုင်ငံ ဘက်မှ ထက်မံပြောကြားရာတွင် မြန်မာ နိုင်ငံ အရေးတွင် ဆိုင်ရာ အဘက်ဘက် မှ ချုပ်ထိန်းကာ မြန်မာ နိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး ကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်စေလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် မြန်မာ နိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားမှု ထားရှိခဲ့ပြီး မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု နှင့် တိုင်းရင်းသား အားလုံးကို စည်းလုံးစေသည့် “ပင်လုံစိတ်ဓာတ်” ကို ထောက်ခံကြောင်း ၊ တွေ့ဆုံဆွေးနွေးမှု များမှ တစ်ဆင့် မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး နှင့် တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေး ကို အမြန်ဆုံး ရရှိစေလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဘက်မှ မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၏ နောက်ဆုံး တိုးတက်မှု ရလဒ် နှင့် ဒုတိယ အကြိမ်မြောက် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစု ပင်လုံ” ပြင်ဆင်ပြီးစီး မှု အခြေအနေတို့ကို မိတ်ဆက်ပြောကြား ခဲ့ပြီး လက်တွေ့ကျသည့် ဆောင်ရွက်မှုများဖြင့် မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသတည်ငြိမ်မှု ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ကာလတစ်လျှောက် မြန်မာ နိုင်ငံ အား တက်ကြွစွာ ထောက်ခံကူညီခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ် နိုင်ငံ မှ ဆက်လက်၍ အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင် သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ (၂+၂) အစည်းအဝေး နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှု ကို ယခု နှစ်အတွင်း တရုတ် နိုင်ငံ တွင် ထပ်မံ ပြုလုပ်သွားရန် သဘောတူညီ ခဲ့ကြပြီး အသေးစိတ် နေရာ နှင့် အချိန်ကို ဆက်လက်၍ ချိတ်ဆက် ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117