Connect with us

Culture & Entertainment

၂၀၂၂ ခုနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ကြံတန်ချိန် ၃၇,၀၀၀ ကျော် တင်ပို့နိုင်ခဲ့

ကြံပင်များအား တွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Digital News)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ယူနန်-ချင်းရွှေဟော်နယ်စပ်အဝင်အထွက် စစ်ဆေးရေးဂိတ်မှ တဆင့် တရုတ်နိုင်ငံဘက်သို့ ကြံတန်ချိန် ၃၇,၀၀၀ ကျော်အားတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ယနေ့ မတ် ၁၅ ရက်တွင် ပြောသည်။“ယူနန်-ချင်းရွှေဟော်နယ်စပ်ဘက်ကနေ ကြံတွေကို တင်ပို့တာပါ။တရုတ်နိုင်ငံဘက်ကနေ သကြားပြန်ထုတ်တာပါ။ တရုတ်နိုင်ငံကို တင်ပို့နိုင်တဲ့အခါ ကျွန်တော်တို့ မြန်မာဘက်က ကြံစိုက်တဲ့ တောင်သူတွေအနေနဲ့ ဈေးပိုရတာပေါ့’’ ဟု ဦးဝင်းဌေးကပြောသည်။

ပြည်တွင်းတွင် ရောင်းချပါက ကြံတစ်တန်လျှင် ၆၈,၀၀၀ ကျပ် သာ ဈေးရရှိပြီး တရုတ်နိုင်ငံဘက်သို့ တင်ပို့ရသည့် အခါ ကြံတစ်တန်လျှင် မြန်မာငွေ ကျပ် ၁သိန်းကျော် ပေါက်ဈေးရရှိသည့် အတွက် တောင်သူများအနေဖြင့် ပိုမိုတွက်ခြေကိုက်ကြောင်း ၎င်းကဆိုသည်။

နှစ်စဉ် နိုဝင်ဘာလ မှ ဧပြီလ အထိသည် မြန်မာနိုင်ငံတွင် ကြံရိတ်သိမ်းသည့် ရာသီဖြစ်ကြောင်း၊ လက်ရှိတွင် COVID-19 ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုခံရနေချိန်တွင် ကြံ တင်သွင်းတင်ပို့မှုကိစ္စကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းရှိ ချင်းရွှေဟော် နယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်မှ တစ်ဆင့် တင်သွင်းနိုင်ရေး အတွက် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပြီးနောက် လူနှင့် ကုန်စည် ခွဲထုတ်ခြင်း၊ အပိုင်းလိုက် သယ်ယူပို့ဆောင်ခြင်း၊ လမ်းပိတ်၍ စီမံခန့်ခွဲခြင်း စသည့်လုပ်ငန်းအစီအစဉ်များကို အတည်ပြုခဲ့ကာ နယ်စပ်ဂိတ်၌ ကြံသယ်ယူပို့ဆောင်ရေးယာဉ်များအတွက် “အစိမ်းရောင်လမ်းကြောင်း” ဖွင့်လှစ်ပြီး မြန်မာနိုင်ငံမှ ကြံများ အဆင်ပြေချောမွေ့စွာ၊ မြန်ဆန်စွာ ဂိတ်ဖြတ်သန်းဝင်ရောက်နိုင်ရေး ဝန်ဆောင်မှုပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

၂၀၂၂ ခုနှစ် တွင် ယူနန်-ချင်းရွှေဟော်နယ်စပ်အဝင်အထွက်စစ်ဆေးရေးဂိတ်သို့ ကြံသယ်ယူပို့ဆောင်ရေးယာဉ် ၃,၈၃၁ စီး ဝင်ရောက်ခဲ့ပြီး ကြံ တန်ချိန် ၃၇,၄၀၀ အဆင်ပြေစွာ ဂိတ်ဖြတ်သန်းနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တစ်ပတ်ကျော်ကြာ ပိတ်ထားခဲ့သော “ကျင်စန်းကျော့” နယ်စပ်ဂိတ်ကို မတ်လ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

“ဈေးပိုရတဲ့အတွက် ကြံတောင်သူတွေကလည်း တရုတ်နိုင်ငံကို ပိုပြီးတင်ပို့ချင်တယ်။ ကြံကားတွေ အခုထက် ပိုမိုတင်ပို့နိုင်ဖို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကျွန်တော်တို့ အသင်းအနေနဲ့ တင်ပြထားတာရှိပါတယ်။’’ ဟု ဦးဝင်းဌေးက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117