Connect with us

Social

တရုတ် နိုင်ငံ UPTSREAM AYEYAWADY CONFLUENCE BASIN HYDROPOWER Co.,Ltd မှ ရေဘေးသင့် ဒေသ များအတွက် ကျပ်သိန်း ၅၀၀ လှူဒါန်း

UPTSREAM AYEYAWADY CONFLUENCE BASIN HYDROPOWER Co.,Ltd မှ ဒုတိယ အထွေထွေ မန်နေဂျာ ဝမ်ချီမှ လျှပ်စစ် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးအား ရေဘေးသင့် ဒေသ အတွက် ကူညီ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀ လွှဲပြောင်း ပေးအပ်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ UPTSREAM AYEYAWADY CONFLUENCE BASIN HYDROPOWER Co.,Ltd (ACHC) သည် ယနေ့ မနက် ၁၀ နာရီတွင် ရေဘေးသင့် ဒေသ အတွက် ကူညီ ထောက်ပံ့သည့် အနေဖြင့် ကျပ်သိန်း ၅၀၀ ကို လျှပ်စစ်ဝန်ကြီး ဌာနသို့ လှူဒါန်းငွေ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနားကို မြန်မာ နိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ပြီး ACHC ကုမ္ပဏီမှ ဒုတိယ အထွေထွေ မန်နေဂျာ ဝမ်ချီ မှ ကုမ္ပဏီ ကိုယ်စား လှူဒါန်းငွေ အား လျှပ်စစ် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုး ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ရေဘေးသင့် ဒေသ ရှိပြည်သူ များအတွက် လွန်စွာ ဝမ်းနည်း မိရကြောင်းလည်း ပြောကြား ခဲ့သည်။

ဝမ်ချီမှ မြန်မာ နိုင်ငံမှ အကြီးစား ရေဘေး ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသဖြင့် ကျွန်တော်တို့ အနေဖြင့် ထပ်တူ ထပ်မျှ ဝမ်းနည်း ခဲ့မိကြောင်း ၊ မြန်မာ နိုင်ငံ ပြည်သူ့တို့မှ ရင်ဆိုင်နေရသော ရေဘေး ဒုက္ခကို ကုမ္ပဏီမှ အတူတကွ ရင်ဆိုင် ဖြေရှင်း ပေးသွားမည် ဖြစ်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများကိုလည်း အတူတကွ ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဝန်ကြီး ဦးခင်မောင်စိုး မှလည်း မြန်မာ နိုင်ငံမှ ရေဘေး ဒုက္ခ ကြုံတွေ့ ခဲ့ရချိန်တွင် တရုတ် နိုင်ငံတော် အစိုးရ နှင့် တရုတ် လုပ်ငန်းရှင်များသည် ပထမဦးဆုံး လိုအပ်နေသော ကူညီထောက်ပံ့မှု များပေးခဲ့သဖြင့် လွန်စွာ ကျေးဇူးတင်ကြောင်း ၊ ACHC ကုမ္ပဏီ မှ လှူဒါန်းမှုသည် ရေဘေးသင့် ပြည်သူ များအတွက် သဘာဝဘေးကို ရင်ဆိုင်နိုင်ရန် အားအင် ဖြစ်စေမည် ဖြစ်ပြီး လျှပ်စစ် ဝန်ကြီး ဌာန အနေဖြင့် လှူဒါန်းငွေကို ရေဘေးသင့် ပြည်သူများထံ အမြန်ဆုံး ရောက်ရှိနိုင်ရန် စီစဉ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

UPTSREAM AYEYAWADY CONFLUENCE BASIN HYDROPOWER Co.,Ltd သည် ၂၀၁၁ ခုနှစ်က နေပြည်တော်တွင် လုပ်ငန်း စာရင်းသွင်း၍ စတင်လုပ်ကိုင် စဉ်ကပင် ချစ်ကြည် ပူးပေါင်းရေးနှင့် အကျိုးတူ အောင်မြင်ရေး ဟူသည့် မူဝါဒကို လိုက်နာ ကျင့်သုံး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကို အဓိက ထား၍ မြန်မာ နိုင်ငံလူမှု စီးပွား တိုးတက်ရေး အတွက်လည်း တာဝန်ယူ ဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်း ဖြစ်ပွားခဲ့သည့် မီးဘေး ၊ လေဘေး ၊ ငလျင်ဘေး စသည့် သဘာဝ ဘေးအန္တရာယ် နှင့် ကြုံတွေ့စဉ်တိုင်း လှူဒါန်းမှု များပြုလုပ် ခဲ့ကြောင်း ၊ ကုမ္ပဏီ မှ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဖြစ်ပွား စဉ်တွင်လည်း ကျပ်သိန်း ၁၀၀၀ လှူဒါန်းမှု ပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း ငလျင် ဒုက္ခ သည်များ ထံသို့ လည်း ကျပ်သိန်း ၅၀၀ လှူဒါန်း ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117