Connect with us

North America

ခွဲစိတ်ကုသမှု မအောင်မြင်သဖြင့် ဟောလိဝုဒ်မင်းသားကြီး Bill Paxton ကွယ်လွန်ပြီ

အမေရိကန်နိုင်ငံ၏ နာမည်ကျော်မင်းသား Bill Paxtion အားတွေ့ ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျယ်လိစ် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

Titanic ၊ Apollo 13 နှင့် Twister ကဲ့သို့သော ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ အသက် ၆၁ နှစ်အရွယ်ရှိ ဟောလိဝုဒ်မင်းသားကြီး Bill Paxton သည် ရှုပ်ထွေးခက်ခဲသော ခွဲစိတ်ကုသမှု မအောင်မြင်သဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏မိသားစုဝင်များက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မင်းသားကြီး Paxton သည် ၁၉၇ဝ ပြည့်နှစ်တွင် ဇာတ်ပို့တစ်ဦးအဖြစ် ရုပ်ရှင်လောကသို့စတင်ဝင်ရောက်ခဲ့သော်လည်း ပရိသတ်များ၏ အားပေးထောက်ခံမှုကို ဆယ်စုနှစ် နှစ်ခုကြာအောင် အခိုင်အမာရရှိခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈ဝ ပြည့်လွန်နှစ်များတွင် The Terminator ၊ Weird Science နှင့် Aliens စသည့် နာမည်ကျော်ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉ဝ ပြည့်လွန်နှစ်များက ၎င်းပါဝင်သရုပ်ဆောင်ခဲ့သော Titanic ၊ Twister ၊ Apollo 13 နှင့် Tombstone စသည့် ရုပ်ရှင်ဇာတ်ကားများမှာလည်း အထူး အောင်မြင်မှု ရရှိခဲ့သည်။

မင်းသားကြီး Paxton သည် Kelly Rowan နှင့် ပထမဦးဆုံးလက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် ကွာရှင်းပြတ်စဲခဲ့သည်။ ယင်းနောက်တွင် ၎င်းသည် Louise Newbury နှင့် လက်ထပ်ခဲ့ပြီး ရင်သွေး နှစ်ဦးထွန်းကားခဲ့သည်။ မင်းသား Paxton နှင့် Newbury တို့၏ အိမ်ထောင်သက်သည် နှစ်ပေါင်း ၃ဝ ကြာမြင့်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.