Connect with us

Europe

ယူကရိန်းရှိ ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုကို စုံစမ်းစစ်ဆေး၊ ရုရှားက မျက်မြင်သက်သေအဖြစ် အမေရိကန်အဆင့်မြင့်အရာရှိများကို ဖိတ်ခေါ်ရန် စီစဉ်ထား

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အအုံအား မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ)

ရုရှားသည် ယူကရိန်းရှိ အမေရိကန်စစ်တပ်၏ ဇီဝဓာတ်ခွဲခန်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွင်း အမေရိကန်အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီလုပ်ငန်းတာဝန်ရှိသူများပါဝင်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း ရုရှားအရာရှိက ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးမှ ထုတ်ဖော်ပြသခဲ့သည့် ယူကရိန်း ဇီဝဗေဒစစ်ရေးလှုပ်ရှားမှုဆိုင်ရာ အချက်အလက်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ နျူကလီးယားမပြန့်ပွားရေးနှင့် လက်နက်ထိန်းချုပ်ရေးအေဂျင်စီ အကြီးအကဲ Vladimir Yermakov က ရုရှားလွှတ်တော်မှလုပ်ဆောင်နေသည့် ယူကရိန်းရှိ အမေရိကန်၏ “ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှု” စုံစမ်းစစ်ဆေးရေးတွင် ပူးပေါင်းလုပ်ဆောင်မှုအတွက် သက်ဆိုင်ရာအမေရိကန်အရာရှိများအား ဖိတ်ခေါ်ရန် စီစဉ်လျက်ရှိကြောင်းနှင့် အမေရိကန်ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland အား “မျက်မြင်သက်သေ”အဖြစ် စစ်ဆေးမှုတွင်ပါဝင်ရန်အတွက် အထူးတောင်းဆိုရန် စီစဉ်ထားကြောင်း ၎င်းက TASS သတင်းဌာနအား ပြောကြားခဲ့သည်။

ရုရှားလွတ်တော်က ယူကရိန်းရှိ အမေရိကန် ဇီဝဓာတ်ခွဲခန်းလှုပ်ရှားမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်အား မတ် ၃၁ ရက်တွင် ပထမဆုံးအကြိမ် အစည်းအဝေးခေါ်ယူခဲ့သည်။ ရုရှားစစ်တပ်က ထိုနေ့တွင် ယူကရိန်းရှိ ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှု အစီအစဉ်တွင် ပါဝင်သည့် သက်ဆိုင်ရာအမေရိကန်ဝန်ထမ်းအရာရှိများ အမည်စားရင်းကို ကြေညာခဲ့ကြောင်း သိရသည်။

ရုရှားမှ ရရှိသည့်စာရွက်စာတမ်းများအရ အမေရိကန်နှင့် ၎င်း၏နေတိုးမဟာမိတ်အဖွဲ့က ယူကရိန်းတွင် ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်ပြီး ရုရှားမှ အထူးစစ်ဆင်ရေးစတင်ခဲ့သည့် ဧပြီ ၂၄ ရက်တွင် ယူကရိန်းဇီဝဓာတ်ခွဲခန်းရှိ သေစေနိုင်သော ရောဂါပိုးများကို အရေးပေါ်ဖျက်ဆီးခဲ့ကြောင်း ရုရှားကပြောကြားခဲ့သည်။

Nuland က မတ်လဆန်းပိုင်းတွင် အမေရိကန်လွှတ်တော်အစည်းအဝေးတစ်ရပ်၌ “ယူကရိန်းတွင်ဇီဝဗေဒ သုတေသနဆိုင်ရာ အဆောက်အအုံ ရှိကြောင်း” နှင့် “ထိုသုတေသန စာရွက်စာတမ်းများကို ရုရှားစစ်တပ်လက်သို့ မရောက်ရန်” အမေရိကန်နှင့် ယူကရိန်းက ပူးပေါင်းတိုင်ပင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးမျိုးသော အမည်ဖြစ် ကမ္ဘာ့နိုင်ပေါင်း ၃၀ ရှိ ဇီဝဓာတ်ခွဲခန်းပေါင်း ၃၃၆ ခုကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိရာ ကမ္ဘာပေါ်တွင် ဇီဝဗေဒဆိုင်ရာစစ်ရေးလှုပ်ရှားမှု အများဆုံးနိုင်ငံဖြစ်ပြီး စစ်ပွဲအများအပြားတွင် ဇီဝလက်နက်နှင့် ဓာတုလက်နက်များကို အသုံးပြုခဲ့သည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် ဇီဝလက်နက်တားမြစ်ခြင်းကွန်ဗင်းရှင်း (BWC )တွင် ပါဝင်ထားသော်လည်း ၎င်းသည် နိုင်ငံစုံစိစစ်ရေး ယန္တရား ထူထောင်ခြင်းကို နှစ် ၂၀ တိုင်တိုင် ဆန့်ကျင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)
调查在乌生物军事活动 俄拟“邀请”美高官作证
新华社北京5月1日电 俄罗斯官员4月30日说,俄罗斯将要求多名美国政府官员和企业人员配合俄方调查美军在乌克兰的生物实验室活动。
俄外交部不扩散核武器与军备控制局局长弗拉基米尔·叶尔马科夫告诉俄罗斯塔斯社,“正准备邀请”相关美方人员接受俄议会下院对美方在乌克兰生物实验室从事“生物军事活动”的调查,“尤其打算要求”副国务卿维多利亚·纽兰“作为证人”参加调查会议。
俄议会下院对美国在乌生物实验室活动的调查委员会3月31日召开首次会议。俄军方同一天公布美方在乌境内参加军事生物计划人员的名单。
俄方说,依据俄方所获文件,美国及其北大西洋公约组织盟友在乌克兰从事生物军事活动,在2月24日俄方发起特别军事行动当天紧急销毁在乌生物实验室的多种致命性疾病的病原体。
纽兰3月初在美国国会参议院一次听证会上承认“乌克兰有生物研究设施”,且美方与乌方合作研究“如何阻止那些研究材料落入俄军手中”。
美国国防部在全球30个国家控制了336个生物实验室,是全球生物军事活动最多的国家,也是唯一在多场战争中使用过生物武器和化学武器的国家。
美国虽然加入了《禁止生物武器公约》,但20多年来一直独家反对建立这一公约的多边核查机制。(惠晓霜)
图说1- 3月28日,在俄罗斯首都莫斯科,行人从俄罗斯外交部大楼附近走过。新华社记者白雪骐摄
图说2- 这张俄国防部3月17日提供的视频截图显示的是,俄军辐射、化学和生物防护部队司令基里洛夫在俄罗斯莫斯科举行的吹风会上展示的美在乌境内开展生物军事项目的相关信息。新华社/卫星社