Connect with us

Asia

မြောက်ကိုရီးယား က မလေးရှားသံအမတ်ကြီးအား နိုင်ငံအတွင်းမှ နှင်ထုတ်

မလေးရှားနိုင်ငံတွင် အသက်ခံရသည့် မြောက်ကိုရီးယားနိုင်ငံသားအား ရုပ်သံလိုင်းတစ်ခု၌တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပြုံယမ်း၊ မတ် ၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က မလေးရှားနိုင်ငံမှ သံအမတ်ကြီးအား “လက်မခံသင့်သော ပုဂ္ဂိုလ်” အဖြစ် ခေါင်းစဉ်တပ်ခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၀နာရီ မှ စ၍ ၄၈နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အလိုရှိကြောင်း မတ် ၆ ရက်က ကြေညာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အသေးစိတ်ရှင်းလင်းခြင်းမရှိဘဲ ထုတ်ပြန်ခဲ့သည့် ယင်းကြေညာချက်အား နိုင်ငံပိုင်သတင်းဋ္ဌာန KCNA က ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံတွင် မြောက်ကိုရီးယားအမျိုးသားသေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် အတွင်း မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် Kang Chol အား မတ်လ ၄ရက်နေ့ ည က“လက်မခံသင့်သော ပုဂ္ဂိုလ်” အဖြစ် သတ်မှတ်ခဲ့ပြီး မလေးရှားနိုင်ငံမှ ၄၈နာရီအတွင်း ထွက်ခွာသွားရန် ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းသို့ တုံ့ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က အသတ်ခံရသည့် မြောက်ကိုရီးယားနိုင်ငံသား ကိစ္စနှင့် ပတ်သက်၍ Kang နှင့် မြောက်ကိုရီးယားအစိုးရသည် မလေးရှားနိုင်ငံအား အကြိမ်ပေါင်းများစွာ ပြစ်တင်ဝေဖန်ခဲ့ပြီး မလေးရှားဘက်မှ စစ်ဆေးမှုများအား လက်ခံယုံကြည်ရန် ငြင်းဆန်ခဲ့သည်။

မလေးရှားဘက်က မြောက်ကိုရီးယားနိုင်ငံသား၏ ရုပ်အလောင်းအား စစ်ဆေးပြီးနောက် လူကို သေစေနိုင်သော အာရုံကြောကို ထိခိုက်စေသည့် အဆိပ်ဓာတ်ငွေ့ VX ဖြင့် တိုက်ခိုက်ခံရပြီး မိနစ်အနည်းငယ်အကြာတွင် မြောက်ကိုရီးယားနိုင်ငံသားသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် မြောက်ကိုရီးယားက ယင်းထုတ်ပြန်ချက်သည် မြောက်ကိုရီးယားဆန့်ကျင်ရေးဝါဒဖြန့်မှုတစ်ခု ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံသားသေဆုံးမှုကို အသုံးချကာ မြောက်ကိုရီးယားနိုင်ငံ၏ ပုံရိပ်အား မှေးမှိန်စေရန် နှင့် မြောက်ကိုရီးယားနိုင်ငံကိုပင် ပြိုလဲသွားစေရန် ရည်ရွယ်၍ မလေးရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံတို့နှင့် ပူးပေါင်းကြံစည်နေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏နိုင်ငံသားသေဆုံးမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့အား မလေးရှားသို့စေလွှတ်ခဲ့ပြီး ရုပ်အလောင်းအား တတ်နိုင်သမျှ အမြန်ဆုံးလွှဲပြောင်းပေးရန် မလေးရှားနိုင်ငံသို့ တိုက်တွန်းခဲ့သည်။ သို့သော် ယင်းတောင်းဆိုချက်အား မလေးရှားနိုင်ငံ အစိုးရက ပယ်ချခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Ri Tong Il က သေဆုံးသူ မြောက်ကိုရီးယားနိုင်ငံသားတွင် နှလုံးရောဂါအခံရှိပြီး ထပ်ခါထပ်ခါ ဆေးကုသမှုခံယူနေရကြောင်း နှင့် ပုံမှန်အားဖြင့် ဆေးဝါးများမပါဘဲ ခရီးသွားရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

Ri က အဆိပ်ဓါတ်ငွေ့ဖြင့်လုပ်ကြံခဲ့သည်ဟု သံသယရှိသူ နှစ်ဦးမှာ အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံသားသည် မည်ကဲ့သို့ VX အဆိပ်ဓါတ်ငွေ့ကြောင့် နေရာ၌ပင်သေဆုံးခဲ့သည်ကို သံသယဖြစ်မိကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မလေးရှားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံသားများ မလေးရှားနိုင်ငံအတွင်း ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာခြင်းကို မတ်လ ၆ ရက်နေ့မှစ၍ ရုပ်သိမ်းခဲ့ပြီး နိုင်ငံတော်လုံခြုံရေးကို ဦးစားပေးစဉ်းစားကာ ယင်းဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မလေးရှားဘက်ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117