Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အဆင့်မြင့် သံတမန် ယန်ကျဲ့ချီနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန် သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့ လူဇင်ဘတ်တွင် ဇွန် ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

လူဇင်ဘတ်၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန် သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့ လူဇင်ဘတ်နိုင်ငံတွင် ဇွန် ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။နှစ်ဖက်တွေ့ဆုံမှုတွင် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့်အခြားသော အတူတကွ ဂရုပြုသည့် ပြဿနာရပ်များကို ပွင့်လင်း၊နက်ရှိုင်းစွာ အပြုသဘော ဆွေးနွေးဖလှယ်ခဲ့ကြရာ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိပြီးသော အရေးကြီးသဘောတူညီချက်များကို အဓိကထား အကောင်အထည်ဖော်ကြရန်၊ တွေ့ဆုံဆွေးနွေးမှုများ အားဖြည့်၍ အထင်အမြင်လွဲမှားမှုများကို လျှော့ချရန်၊ ကွဲလွဲမှုများကို ကောင်းမွန်သင့်လျော်စွာ စီမံထိန်းချုပ်ရန် သဘောတူညီခဲ့သည်။ ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်း အဆင်ပြေချောမွေ့စွာရှိနေရေးသည် လိုအပ်သလို အကျိုးရှိသည်ဟု နှစ်ဖက်စလုံးက ယူဆကြသည်။

ဆွေးနွေးမှုတွင် ယန်ကျဲ့ချီက သမ္မတ ဘိုင်ဒန်အနေဖြင့် သမ္မတရှီကျင့်ဖိန်အား အမေရိကန်ဘက်မှ “စစ်အေးတိုက်ပွဲသစ်”ဆင်နွှဲရန် ကြိုးပမ်းမည်မဟုတ်၊ တရုတ်နိုင်ငံ၏စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းမည်မဟုတ်၊ မဟာမိတ်ဆက်ဆံရေး အားဖြည့်၍ တရုတ်နိုင်ငံကို ဆန့်ကျင်ရန် ကြိုးပမ်းမည်မဟုတ်၊ “ထိုင်ဝမ်လွတ်လပ်ရေး”ခွဲထွက်မှုကို အားပေးမည်မဟုတ်၊ တရုတ်နိုင်ငံနှင့်ပဋိပက္ခ ဖြစ်လိုသော ဆန္ဒမရှိဟု ကြိမ်ဖန်များစွာ ပြောကြားခဲ့ကြောင်း ၊ ထို့အပေါ် တရုတ်နိုင်ငံက အထူးအလေးထားကြောင်း ပြောကြားခဲ့သည်။

သို့သော် ယခုကာလများတွင် အမေရိကန်ဘက်က တရုတ်ကိုဦးတည်သော ဘက်စုံထောင့်စုံ ဟန့်တားဖိနှိပ်မှုများကို တိုးချဲ့လုပ်ဆောင်နေကြောင်း၊ ၎င်းမှာ အမေရိကန်နိုင်ငံ၏မိမိ၌ကြုံတွေ့နေရသောပြဿနာရပ်များကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ တရုတ်-အမေရိကန် ဆက်ဆံရေး အလွန်အမင်းကျပ်တည်းသည့်အခြေအနေကို ကျရောက်သွားနိုင်ပြီး နှစ်နိုင်ငံ နှစ်ဖက်ကဏ္ဍဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို အဆုံးစွန်ကြီးမားသော ထိခိုက်မှုရှိစေကြောင်း၊ ယင်းအခြေအနေသည် တရုတ်-အမေရိကန် နှစ်နိုင်ငံနှင့်ကမ္ဘာ့နိုင်ငံအသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးသည် အချက်အချာကျသည့် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေကြောင်း ယန်ကျဲ့ချီက ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန်အဆိုပြုသည့် အပြန်အလှန်လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေး အခြေခံမူ ၃ ရပ်သည် တရုတ်-အမေရိကန် မှန်ကန်သော ဆက်ဆံရေးလမ်းစဉ် ဖြစ်သလို နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွား၊ နိုင်ငံတကာအသိုက်အဝန်း အများ၏ဆန္ဒနှင့်ကိုက်ညီရာ တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခြေခံလေးစားလိုက်နာမှုဖြစ်သင့်ပါကြောင်း ၊ ထိုမျှော်မှန်းရာအလားအလာ၏ လမ်းကြောင်းနှင့်နည်းလမ်းကို တရုတ်နိုင်ငံက အမေရိကန်နှင့်အတူ ရှာဖွေသွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးကို ပြိုက်ဖက်အဖြစ်အနက်ဖွင့်ခြင်းကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် မဟာဗျူဟာအသိအမြင် တည့်မတ်စွာထားရှိကာ မှန်ကန်စွာရွေးချယ်ဆောင်ရွက်သင့်ပေရာ သမ္မတဘိုင်ဒန်၏ “လုပ်ဆောင်မည်မဟုတ်ဟူသော ကိစ္စ ၄ ရပ်နှင့် ပဋိပက္ခဖြစ်လိုရန်ဆန္ဒမရှိ”ဟူသော သဘောထားဖော်ပြချက်များကို လက်တွေ့ဖော်ဆောင်ပြီး တရုတ်နိုင်ငံနှင့်အတူ ရှေ့သို့လျှောက်လှမ်းကာ နှစ်နိုင်ငံခေါင်းဆောင်များ အရေးကြီးသဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်သင့်ပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို အခိုင်အမာကာကွယ်ရေးကိစ္စရပ်တွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က အနည်းငယ်မျှ ဝေဝါးမှုမရှိသလို သန္နိဋ္ဌာန်က မပြောင်းမလဲ ခိုင်မာကြောင်း ယန်ကျဲ့ချီက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံကစွက်ဖက်ခြင်း ခွင့်မပြုသလို မည်သည့် တရုတ်နိုင်ငံ ပေါင်းစည်းရေးကို တားဆီး၊ဖျက်ဆီးသော လုပ်ဆောင်ချက်များက မုချမသွေ ရှုံးနိမ့်မည် ဖြစ်ကြောင်း ၊ ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး နိုင်ငံရေးအခြေခံနှင့်သက်ဆိုင်ပြီး စီမံမှုမသင့်ပါက အပြောင်းလဲကြီးပြောင်းလဲသွားနိုင်ကြောင်း ၊ ထိုသို့သော အန္တရာယ်က တည်ရှိရုံသာမက အမေရိကန်၏”ထိုင်ဝမ်အသုံးချ တရုတ်တားဆီးရေး”၊ ထိုင်ဝမ်ဒေသအာဏာပိုင်များ၏ “အမေရိကန်အားကိုး ခွဲထွက်ရေး ကြိုးပမ်းမှု”များကြီးထွားလာခြင်းနှင့်အတူ အရှိန်အဟုန်အဆက်မပြတ် တင်းမာမှုမြင့်တက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် မည်သို့သော မှားယွင်းသည့်ဆုံးဖြတ်မှုနှင့်စိတ်ကူးယဉ်မှုမပြုရန် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်၏ သတ်မှတ်ချက်ကို လိုက်ရန်၊ ထိုင်ဝမ်အရေးနှင့်သက်ဆိုင်သော ပြဿနာများကို ကောင်းမွန်စွာ သတိကြီးစွာ စီမံရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ရှင်းကျန်း၊ ဟောင်ကောင်၊ တိဗက်၊ တောင်တရုတ်ပင်လယ်အရေးနှင့် လူ့အခွင့်အရေး၊ ဘာသာရေးစသည့် ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ယန်ကျဲ့ချီက ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြုသဘောကောင်းမွန်သော ဆက်ဆံမှုဖြင့် အာရှ-ပစိဖိတ်ဒေသ စည်ပင်သာယာဝပျောရေး၊ တည်ငြိမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အတူကြိုးပမ်းသင့်ကြောင်း ယန်ကျဲ့ချီက အလေးထား ပြောကြားခဲ့သည်။

ထို့အပြင် ဆွေးနွေးမှုတွင် နှစ်ဖက်အကြား ယူကရိန်းအရေး၊ မြောက်ကိုရီးယား နျူကလီးယားအရေးကိစ္စ စသည့် ဒေသရေးရာကိစ္စရပ်များအား အမြင်သဘောထားချင်းဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)杨洁篪同美国总统国家安全事务助理沙利文举行会晤
2022-06-14 03:29:00 分类: 政治法律
新华社卢森堡6月13日电(记者任珂 李超)当地时间6月13日,中共中央政治局委员、中央外事工作委员会办公室主任杨洁篪同美国总统国家安全事务助理沙利文在卢森堡举行会晤。双方就中美关系和其他共同关心的问题进行了坦诚、深入、建设性的沟通和交流,同意以落实好两国元首达成的重要共识为主线,加强接触对话、减少误解误判、妥善管控分歧。双方均认为保持沟通渠道顺畅是必要和有益的。
杨洁篪指出,拜登总统多次向习近平主席表示,美方不寻求打“新冷战”、不寻求改变中国体制、不寻求通过强化同盟关系反对中国、不支持“台湾独立”、无意同中国发生冲突。中方对此高度重视。但一段时间以来,美方执意加大对华全方位遏制打压,这不仅解决不了美国自身面临的问题,反而致使中美关系陷入十分困难的境地,极大损害了两国在双边领域的交流与合作,这一局面不符合中美双方和世界各国的利益。
杨洁篪表示,中美关系处在关键十字路口。习近平主席提出的相互尊重、和平共处、合作共赢三原则是中美正确相处之道,符合中美两国人民根本利益,符合国际社会普遍愿望,理应成为发展中美关系的根本遵循。中方愿同美方探讨实现这一愿景的路径和方法。中方坚决反对以竞争定义中美关系。美方应端正对华战略认知,作出正确抉择,把拜登总统的“四不一无意”表态转化为实际行动,同中方相向而行,切实落实两国元首重要共识。
杨洁篪强调,在捍卫国家主权和领土完整问题上,中方立场毫不含糊、坚定不移。中国内政不容他国干涉,任何阻挠、破坏中国国家统一的行为都必将彻底失败。台湾问题事关中美关系政治基础,处理不好将产生颠覆性影响。这个风险不仅存在,还会随着美大搞“以台制华”、台湾当局大搞“倚美谋独”而不断升高。美方不要有任何误判和幻想,必须恪守一个中国原则和中美三个联合公报规定,必须慎重妥善处理涉台问题。杨洁篪并就涉疆、涉港、涉藏、南海以及人权、宗教等问题阐明中方严正立场。
杨洁篪强调,美方理应与中方良性互动,为亚太地区繁荣、稳定和发展作出共同努力。
双方还就乌克兰、朝核等国际地区问题交换意见。(完)

1. 6月13日,中共中央政治局委员、中央外事工作委员会办公室主任杨洁篪(右一)同美国总统国家安全事务助理沙利文(左一)在卢森堡举行会晤。
新华社记者任鹏飞摄