Connect with us

Social

တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့ဆောင်ရွက်ချက် များသည် နက်ရှိုင်းသည့် တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ဖော်ပြ

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် နှင့် Blue Sky ကယ်ဆယ်ရေး အဖွဲ့ဝင်များ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Blue Sky ကယ်ဆယ်ရေးအဖွဲ့၏ ရေဘေးသင့် ပြည်သူများအား ကူညီ ထောက်ပံ့မှုသည် ညီမျှသော လူသားချင်း စာနာထောက်ထားမှု စိတ်ဓာတ် ၊ နိုင်ငံတကာ မဟာစိတ်ဓာတ်ကို ဖော်ပြနေသကဲ့သို့နက်ရှိုင်းသည့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကိုလည်း ဖော်ပြနေပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က သြဂုတ်လ ၁၆ ရက်တွင် ရန်ကုန်မြို့ကန်တော်ကြီးရှိ Western Park Royal ၌ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ စီစဉ် ပြုလုပ်သည့် ရေဘေးသင့် ဒေသများရှိ ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့မှ စေတနာရှင် လုပ်အားပေး သူများအား ဂုဏ်ပြု အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မြန်မာနိုင်ငံသည် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရေဘေးဒဏ် ခံရသည့်အတွက် ခင်မင်ရင်းနှီးသည့် အိမ်နီးနားချင်းကောင်း ၊ ဆွေမျိုးပေါက်ဖော် ညီအကို အနေဖြင့် တရုတ်ပြည်အစိုးရနှင့် ပြည်သူလူထုသည် ရေဘေးအန္တရာယ်အပေါ် အတူတကွ ခံစားရပြီး အချိန်ပြည့် ကူညီထောက်ပံ့မှုများ ပေးခဲ့ပါသည်။ Blue Sky ကယ်ဆယ်ရေးအဖွဲ့သည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရှိ ရေဘေးအန္တရာယ် အဆိုးရွားဆုံး ဒေသများသို့အရင်ဆုံး ရောက်ရှိခဲ့ပါသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း တတ်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ၎င်းတို့သည် ပြည်သူ လူထုများကို အသက် ကယ်ဆယ်ပြီး ဒဏ်ရာရသူများကို ကူညီပေးခဲ့ပါသည်။ ၎င်းတို့၏ အကူအညီ ဆောင်ရွက်ချက် များအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရများမှလည်း အလေးအနက် ချီးကျူးထားပါသည်။ တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်သည်မှာ နှစ်ပတ်ကြာပြီးနောက် ယခုအခါ ပြည့်ပြည့်စုံစုံ အောင်မြင်ခဲ့ပါသည်။ ၎င်းတို့ကယ်ဆယ် ကူညီထောက်ပံ့မှုသည် နှစ်နိုင်ငံ ပြည်သူလူထု ချစ်ကြည်ရင်းနှီးမှု ၊ သမိုင်းတွင် ကောင်းမွန် ပြည့်စုံသည့် အမှတ်တရ တစ်ခု အဖြစ် ကျန်ရစ်စေခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ကိုယ်စားပြုပြီး တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့၏ ကူညီထောက်ပံ့မှုကို ချီးကျူး ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်မှ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးစိန်ဝင်းအောင်မှ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးစိန်ဝင်းအောင်မှ Blue Sky ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ Zhang Yong အား ဂုဏ်ပြုလက်မှတ် ပေးအပ်နေစဉ် (ဆင်ဟွာ)

ထို့ပြင် ရေဘေးသင့် ဒေသများရှိ ပြည်သူများအား စေတနာထား ကူညီပေးခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Blue Sky ကယ်ဆယ်ရေး အဖွဲ့အား မြန်မာနိုင်ငံ ပြည်သူများ ကိုယ်စား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဌ ဦးစိန်ဝင်းအောင် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး Blue Sky ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင် Zhang Yong က ပြန်လည် ကျေးဇူးတင်စကား ပြောကြားရာတွင် မိမိတို့အဖွဲ့သည် အစိုးရမဟုတ်သည့် ကယ်ဆယ်ရေးအဖွဲ့ဖြစ်သည့် အတွက် အလုပ်များစွာ မလုပ်နိုင်သော်လည်း ယခုကဲ့သို့ သဘာဝ ဘေးဒဏ် ကျရောက်သည့် အခါတွင် အသင်း၏ ဆောင်ရွက်ချက်များသည် လူသားချင်း စာနာ ထောက်ထားသည့် စိတ်ဓာတ်ကို ဖော်ပြချင်သောကြောင့် ဖြစ်သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရှေးယခင်ကတည်းက ချစ်ကြည် ရင်းနှီးသည့် အိမ်နီးချင်း နိုင်ငံကောင်းများ ဖြစ်ပြီး ချစ်ကြည်ရေး အစဉ်အလာ ကြီးမားခဲ့သည်။ ယခု ခရီးစဉ်အတွင်း ရေဘေးဖြစ်သည့် ဧရိယာ ကြီးမားသည့်အပြင် ပျက်စီးဆုံရှုံးမှုများ ဆိုးရွားသည်များကို ခံစားမိပါသည်။ ထို့အပြင် မြန်မာပြည်သူ လူထု၏ ရိုးသား ဖြူစင်မှုများ ၊ တခုခု ဖြစ်လာလည်း ပျော်ပျော်နေတတ်သည့် အကောင်းဘက်မှ မြင်တတ်သည့် စိတ်ဓာတ်များကိုလည်း ခံစားမိပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့အား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် Explosing Myanmar Travel & Tour ကုမ္ပဏီမှ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းသို့ ရေဘေးသင့် ပြည်သူများအား လှူဒါန်းနိုင်ရန် ကျပ်ငွေ ၁၀ သိန်းအား လည်းကောင်း ၊ Fisca နှင့် Hytera ကုမ္ပဏီ လီမိတတ်တို့မှ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၂၀၀ တန်ဖိုးရှိ လမ်းလျှောက် စကားပြောစက် ၁၀ လုံး အား လည်းကောင်း ၊ မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းမှ မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း ၁၀၀ အားလည်းကောင်း ၊ ပီကင်းမြို့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ လှူဒါန်းသော တရုတ်ယွမ်ငွေ ၁ သိန်းအားလည်းကောင်း လှူဒါန်းခြင်းများအား ပြုလုပ်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117