Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အောင်မြင်စွာ ပြီးစီး

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပြီးဆုံးသည့် နေ့ တွင် လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း နှုတ်ခွန်းစကား ပြောကြားစဉ်( ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ပြီး ယနေ့အထိ အစည်းအဝေးကာလ ၄၇ ရက် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကာလတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ၁၇ ရက် ကျင်းပ ပြုလုပ်နိုင်ခဲ့ရာ ယနေ့ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

ထို့အပြင် ၎င်းက “ဒီအစည်းအဝေးဟာ လာမယ့် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွက် အရေးအကြီးဆုံး ကာလလို့ဆိုနိုင် ပါတယ်၊ လွှတ်တော်ရဲ့ အဓိကအပိုင်းဖြစ်တဲ့ဥပဒေပြုရေး အပိုင်းမှာလည်း ပါဝင်ပြီး ပြည်ထောင်စု လွှတ်တော်ကသာ ဆွေးနွေး ဆုံးဖြတ်ပေးရမယ့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေ၊ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေနဲ့ ၂၀၁၇ ခုနှစ် ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေများကို ဒီကာလရဲ့ ဦးစားပေး လုပ်ငန်းရပ်များ အဖြစ် ဆွေးနွေး အတည်ပြုနိုင်ခဲ့ပါတယ်” ဟုလည်း ပြောခဲ့သည်။ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကာလတွင် သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ၁၉၇၃ ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ဥပဒေ ဘာသာပြန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေတို့ကို အတည်ပြု ပြဌာန်းပေးနိုင် ခဲ့ပြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ဖို့ပေးပို့ထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့့်နိုင်ငံသား ပြည်သူ များ၏ လူမှုစီးပွားဘ၀ တိုးတက်လာစေရေး၊ သဘာဝဘေး ပြန်လည်ထူထောင်ရေး၊ တောင်သူ လယ် သမားများ အတွက် စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ထုတ်ချေးနိုင်ရေး၊ လယ်ယာကဏ္ဍ တိုးတက် လာစေရေး၊ လျှပ်စစ်ဓာတ်အားများ ပိုမို ထုတ်လုပ် ဖြန့် ဖြူးးနိုင်ရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန် တိုးတက်လာစေရေးနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ် များ အလိုက် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ လူမှုစီးပွား ဘဝတိုးတက်လာစေရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်နိုင်ငံတကာ ချေးငွေ ရယူရေး ကိစ္စလေးခု အပါအဝင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ခွဲေ၀ သုံးစွဲခြင်းဆိုင်ရာ ကိစ္စ ငါးရပ်တို့ကိုလည်းဆွေးနွေး အတည်ပြုပေးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနဲ့ပြည်ပနိုင်ငံ ခုနစ်နိုင်ငံတို့အကြား သံတမန် အဆက်အသွယ်ထူထောင်ရေးကိစ္စကိုလည်း လွှတ်တော်က ဆွေးနွေး အတည်ပြုပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ပြည်ထောင်စု လွှတ်တော် နာယက က “၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်တွင်ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ မြို့နယ် ပေါင်း ၃၂၅ မြို့နယ်ကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်၊ ယခုအခါ ဘဏ္ဍာရေးနှစ် ကုန်ဆုံးခါနီး ဖြစ်တဲ့ အတွက် ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေပါ ပြဌာန်းချက်များနဲ့အညီ လုပ်ငန်း ပြီးစီးမှုများကို တင်ပြကြရမှာ ဖြစ်ပါတယ်၊ ယနေ့အထိ လုပ်ငန်း ပြီးစီးကြောင်း ၃၆ မြို့နယ်က တင်ပြခဲ့ပြီး ၂၈၉ မြို့နယ် ကျန်ရှိပါ သေးတယ်၊ ကျန်တဲ့ မြို့နယ်များအနေနဲ့ သတ်မှတ်ချက်များ အတိုင်း ဆက်လက် ပေးပို့ကြဖို့နဲ့ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင် မဆောင်ရွက် နိုင်ပါက ပိုလျှံငွေများကို သက်ဆိုင်ရာသို့အချိန်မီပြန်လည်အပ်နှံကြရန် ထပ်မံပြောကြားလိုပါတယ်” ဟု လွှတ်တော် ကိုယ်စားလှယ်များအား မှာကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117