Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း အစွန်အဖျားရှိ လမ်းလုံခြုံရေး ဂိတ်တစ်ခုအား ဧပြီ ၃ရက်က သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့တောင်ဘက် ၁,၁၀၀ ကီလိုမီတာခန့်အကွာ၊ Yala ပြည်နယ် Krong Pinang ခရိုင် လမ်းဘေးဈေးတန်းတစ်ခုအနီးရှိ လုံခြုံရေးဂိတ်တစ်ခုမှ ရဲတပ်ဖွဲ့များအား ညသန်းခေါင်ယံအချိန်တွင် ပစ်ကပ်အမျိုးအစား ထရပ်ကားပေါ်မှ အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသူ ရဲတပ်ဖွဲ့ဝင်များအနက် နှစ်ဦးမှာ ဒဏ်ရာအခြေအနေပြင်းထန်၍ ၎င်းတို့အား ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ရပြီး သေနတ်သမားများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

မတ်လ ၃၀ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး အခြားရဲတပ်ဖွဲ့ဝင် အနည်းငယ်ဒဏ်ရာရရှိခဲ့သည့် Narathiwat ပြည်နယ် ရှိ ရဲစခန်းတိုက်ခိုက်ခံရမှု နောက်ပိုင်းတွင် ယခုကဲ့သို့ အစိုးရတပ်ဖွဲ့ဝင်များအား အစွန်းရောက် သေနတ်သမားများက တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117