Connect with us

Asia

အိန္ဒိယတွင် တူးမြောင်းတစ်ခုအား ရှင်းလင်းရာမှ လူသေအလောင်း ၁၁လောင်း တွေ့ရှိ

အိန္ဒိယ ရှိ Bhakhra တူးမြောင်းအား သန့်ရှင်းရေးပြုလုပ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာရာနာပြည်နယ် ရှိ တူးမြောင်းတစ်ခုတွင် ဧပြီ ၂ ရက်က လူသေအလောင်း ၁၁လောင်းထက်မနည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံမြို့တော် ဒေလီမြို့ မြောက်ဘက် ၁၈၁ကီလိုမီတာအကွာ၊ ဟာရာနာပြည်နယ် Jind ခရိုင် Narwana မြို့အနီး ရှိ Bhakhra တူးမြောင်းအားရှင်းလင်းမှုများ ပြုလုပ်နေစဉ် လူသေအလောင်းများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြီးတန်း ရဲအရာရှိ RaMesh Kumar က “လူသေအလောင်း ၁၁လောင်းကို တူးမြောင်းအတွင်းမှာ ဧပြီ ၂ ရက် က ရှာတွေ့ခဲ့ပြီး အလောင်းတွေထဲက တစ်လောင်းဟာ မိန်းမအလောင်းဖြစ်ပါတယ်။ လူပျောက်စာရင်းတွေကို စစ်ကြည့်ဖို့ ပြည်နယ်အတွင်းနဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရဲဋ္ဌာနအကုန်လုံးကို အကြောင်းကြားထားပြီး စုံစမ်းစစ်ဆေးမှုများကိုလည်း စတင်ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ရဲအရာရှိများက အဆိုပါလူသေအလောင်းများသည် ပန်ဂျပ်ပြည်နယ်မှ ရေစီးနှင့်အတူ မျောပါလာခြင်းဖြစ်မည်ဟု ခန့်မှန်းကြပြီး ယင်းရုပ်အလောင်းများကို နာဝါနာပြည်သူ့ဆေးရုံ၌ ထိန်းသိမ်းထားကြောင်း သိရသည်။

Bhakhra တူးမြောင်း သည် Himachal Pradesh ပြည်နယ် မှ စီးဆင်းလာသော ရေများအား သိမ်းဆည်းထားသော Bhakhra Nangal ဆည်မှ ရေများကို ပန်ဂျပ်ပြည်နယ် သို့ ဦးစွာပို့ဆောင်ပေးပြီးနောက် ဟာရာနာပြည်နယ်သို့ ဆက်လက်ပို့ဆောင်ပေးနေခြင်းဖြစ်ကာ အဓိကအားဖြင့် ဟာရာနာပြည်နယ်ကို အများဆုံး ရေထောက်ပံ့ပေးနေကြောင်း သိရသည်။

ဒေသခံအစိုးရအရာရှိတစ်ဦးက အာဏာပိုင်များသည် ရေညှိနှင့် ရွှံ့များကို ဆေးကြောရန် တူးမြောင်း၏ အပိုင်းတစ်ခုကို ပိတ်ခဲ့ကြကြောင်း နှင့် တူးမြောင်းသန့်ရှင်းရေးကို တစ်ခါတစ်ရံလုပ်ဆောင်လေ့ရှိကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်း မီဒီယာများက တူးမြောင်းအတွင်းမှ လူဦးခေါင်းခွံ လေးခုကိုလည်း ရှာတွေ့ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

တူးမြောင်း၏ ရေအနက်သည် တစ်နှစ်ပတ်လုံး ၁၈မီတာအထိ ရှိနေတတ်ပြီး နွေရာသီ၌ ရေဆင်းချိုးရာမှ တူးမြောင်းအတွင်း လူမျောပါသွားသည့် ဖြစ်ရပ်များ တစ်ခါတစ်ရံရှိတတ်ကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117