Connect with us

Media

တရုတ်နိုင်ငံ အကူအညီဖြင့် ပုဂံမြို့ရှိ သဗ္ဗေညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင်

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအကူအညီဖြင့် ပုဂံမြို့ရှိ သဗ္ဗေညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

သဗ္ဗေညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် တရုတ်နိုင်ငံ စန်ရှီးပြည်နယ်မှ စေလွှတ်သည့် ပုဂ္ဂိုလ် ၄ ဦးပါဝင်သော လုပ်ငန်းအဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး quarantine ခံယူပြီးနောက် ပုဂံသို့ သွားရောက်ကာ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကနဦးပြင်ဆင်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်မှစ၍ လုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုအကြိမ် မြန်မာနိုင်ငံသို့လာရောက်သည့် လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံမှ ပါဝင်ဖြေရှင်းပေးရမည့် လုပ်ငန်းဆောင်ရွက်ရန်နေရာ၊ ကုန်ကြမ်းပစ္စည်းများ ထားရှိမည့်နေရာ၊ နေထိုင်မှုနေရာ စသည့် မြေယာအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘက်နှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းစီမံကိန်းအဖွဲ့သည် သဗ္ဗေညုဘုရား စီမံကိန်းနေရာသို့ လာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့သည့် အရေးပေါ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ အသေးစိတ် စစ်ဆေးခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် ၊ဇန်နဝါရီလ ၈ ရက်တွင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင်ဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117