Connect with us

Media

“အာဖဂန်နစ္စတန်သို့ တရုတ်နိုင်ငံ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရိက္ခာများ တရားဝင် ပို့ဆောင်”

အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် ယာယီ အစိုးရသည် တရုတ်နိုင်ငံ၏အကူအညီဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစားအစာများကို စနေနေ့တွင် စတင်ရရှိခဲ့သည်။

” အာဖဂန်နစ္စတန် အစိုးရက တရုတ်နိုင်ငံက လှူဒါန်းတဲ့ ဆန်တွေကို လက်ခံရရှိခဲ့တာပါ။အဆိုပါလက်ခံရရှိထားတဲ့ ဆန်တွေကို အာဖဂန်နစ္စတန်ရဲ့ ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးဌာန မှတာ၀န်ယူပြီးနိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုသို့ စတင်ဝေငှခဲ့ပါတယ်။”

“ဆန်တန်ချိန်ပေါင်း ၄၄၀ တန်ပါ၀င်တဲ့အထောက်အပံ့ ပစ္စည်းတွေကို ပိုမိုခက်ခဲတဲ့ ပြည်နယ် ၁၀ ခုဆီ ထရပ်ကားအစီး ၂၀ နဲ့ ဖြန့်‌ ဝေပေးသွားမှာပါ။အာဖဂန်နစ္စတန်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံကနေပြီးတော့ လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ အများအပြားကို လက်ခံရရှိခဲ့ပါတယ်။ကျွန်တော်တို့ ရဲ့သက်ဆိုင်ရာ ၀န်ကြီးဌာန တွေအနေနဲ့ အဆိုပါအကူအညီတွေကို ပြည်နယ် ၃၄ ခုအတွင်းရှိပိုမိုခက်ခဲတဲ့ ပြည်သူလူထုထံ ဝေငှပေးသွားမှာပါ”ဟု အာဖဂန် ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ Abdul Mutalib Haqqani က ပြောသည်။

တရုတ်နိုင်ငံ မှကူညီထားသော လူသားချင်းစာနာမှုဆိုင်ရာ အခြားသော စားနပ်ရိက္ခာ များကိုမူ မကြာမီရက်ပိုင်း အတွင်း အခြားသော ပြည်နယ်များသို့ ဆက်လက်ထောက်ပံ့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အာဖဂန်ပြည်နယ်အများအပြား အတွင်းရှိ ထောင်ပေါင်းများစွာသော အကူအညီလိုအပ်နေသည့် ဒုက္ခသည် များသည် တရုတ်အကူအညီဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို မကြာသေးမီက ရရှိခဲ့သည်။
Faryab ပြည်နယ်၌လည်း အာဖဂန် ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးဌာန မှတာ၀န်ရှိသူများမှ တရား၀င် စစ်တမ်းကောက်ယူပြီး စာရင်းသွင်းထားသော ဒုက္ခသည်၁၁၀၀ သည် ပြည်နယ်၏မြို့တော် Maimanaတွင် ဇန်နဝါရီ ၁၀ ရက်တွင် အကူညီထောက်ပံ့ရေး ပစ္စည်းများများလက်ခံရရှိခဲ့သည်။အစားအသောက်မဟုတ်သော ကူညီထောက်ပံ့ ရေးပစ္စည်းများ တွင်မူ စောင်များ၊ အနွေးထည်အင်္ကျီ များနှင့် အ၀တ်လျှော်ဆပ်ပြာများ ပါဝင်သည်။

“တရုတ်နိုင်ငံ ရဲ့အကူအညီ အလွန်းတန်ဖိုးထား အသိအမှတ်ပြုပါတယ်။အခုလို အေးခဲပြီးခက်ခဲနေတဲ့ ဆောင်းတွင်းချိန်မှာ တရုတ်နိုင်ငံကနေပြီးတော့ ကူညီလိုက်တယ့် ပစ္စည်းတွေက ကျွန် တော်တို့ရဲ့ ပြဿနာများစွာကို ဖြေရှင်းပေးပါတယ်။ တရုတ်လူမျိုးတွေဟာ ကျွန်တော်တို့အတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းတွေဖြစ်ခဲ့တာ ကြာပါပြီ။”
…………………………………………
(English Version)
GLOBALink | China-aided food supplies transported to Afghan provinces: official
Afghanistan, Jan.25 (Xinhua) — Afghanistan’s caretaker government began to deliver the China-aided humanitarian food supplies on Saturday. “Afghanistan government received a batch of rice donated by China. Afghan refugee ministry began to distribute the rice to the country’s 34 provinces.” “The supplies including 440 tons of rice will be shipped by trucks to 10 most vulnerable provinces. Afghanistan has received several batches of humanitarian supplies donated by China. Our ministry is sending the material aid to vulnerable people in 34 provinces.” He also said that other shipments of the China-aided humanitarian food supplies will be transported to other provinces in the coming days. Recently, thousands of needy people in several Afghan provinces received China-aided relief items. In Faryab province,1,100 destitute people who were surveyed and registered by officials from the provincial directorate of refugees and repatriation received the assistance packages in Maimana , the capital of the province , on Jan.10. The non-food packages included blankets, winter jackets and washing soaps. “I appreciate China’s help so much. The winter assistance has solved a lot of our problems in these cold and difficult days. The Chinese people have been a good neighbor and friend for long.
Produced by Xinhua Global Service.