Connect with us

Media

ဘရာဇီးရေလွှမ်းမိုးမှုနှင့်မြေပြိုမှုများကြောင့် သေဆုံးသူ ၁၁၇ ဦးအထိမြင့်တက်လာ

ဆော်ပိုလို၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး ပြည်နယ် ပီထရိုပိုလစ်မြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများမြေပြိုမှုများဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက်အထိ နောက်ဆုံးရရှိထားသောစာရင်းများအရ သေဆုံးသူဦးရေမှာ ၁၁၇ ဦးအထိရှိလာခဲ့ပြီဖြစ်သည်။
ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ နောက်ထပ်လူပေါင်း ၁၁၆ ဦးပျောက်ဆုံးနေဆဲဖြစ်သည်။

ရီယိုဒီဂျနေးရိုး အရပ်ဘက်ကာကွယ်ရေးဌာနတာဝန်ရှိသူများက ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် ပီထရိုပိုလစ်မြို့တွင် နေရာအနှံ့အပြားတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အခင်းဖြစ်ရာ၌ အနည်းဆုံး မီးသတ်ဝန်ထမ်း ၄၀၀ နှင့် အတူ စစ်တပ်မှပူးပေါင်းကာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရေးလုပ်ဆောင်နေကြောင်းဆိုသည်။

ရီယိုဒီဂျနေးရိုးမြို့နှင့် မြောက်ဘက် ၆၈ ကီလိုမီတာတွင်တည်ရှိသည့် ကုန်တွင်းတောင်တန်းဒေသ ပီထရိုပိုလစ်မြို့ တွင် ဖေဖော်ဝါရီ ၁၅ ရက် က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုမှုပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့သည်။
မိသားစုပေါင်း ၅၀၀ ကျော်ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရပြီး လျှပ်စစ်ဓါတ်အားစနစ်နှင့် သောက်သုံးရေးဖြန့်ဖြူးရေးစနစ်များပါ ထိခိုက်မှုရှိခဲ့သည်။

ရီယိုဒီဂျနေးရိုး ပြည်နယ် အုပ်ချုပ်ရေးမှူးကလော်ဒီယို ကတ်စထရိုက အဆိုပါအခြေအနေကို”စစ်ပွဲဖြစ်ပွါးသည့်အခြေအနေ” ကဲ့သို့ဖြစ်ကြောင်းနှိုင်းယှဉ်ခဲ့ပြီး ပီထရိုပိုလစ်မြို့တော်ဝန်ရုံးမှ အများပြည်သူအန္တရာယ်ကျရောက်သည့်အခြေအနေအဖြစ်ထုတ်ပြန်ခဲ့ကာ လာမည့် ၄၈ နာရီအတွင်း မြေပြိုကျမှုများနှင့်မိုးသည်းထန်မှုများထပ်မံဖြစ်ပွားနိုင်ကြောင်းလူထုကိုသတိပေးထားသည်။

အလားတူ ဘရာဇီးနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့်တီထွင်မှုဝန်ကြီးဌာနက ထပ်မံပြိုကျလာနိုင်သည့်မြေပြိုမှုများ၏ အန္တရာယ်မှာအလွန်မြင့်မားကြောင်း မိုးအဆက်မပြတ်ရွာသွန်းမှုသည် မြေ သားကို ပိုမိုစိုစွတ် စေပြီး ပမာဏကြီးမားသည့်မိုးရွာသွန်းမှုများလည်းထပ်မံဖြစ်လာနိုင်ကြောင်းခန့်မှန်းထားသည်။ (Xinhua)
………………….
(English Version)
GLOBALink | Death toll from Brazil landslides, floods rises to 117

SAO PAULO, Feb. 18 (Xinhua) — The death toll rose to 117, due to landslides and floods caused by heavy rains on Tuesday in the Brazilian city of Petropolis in Rio de Janeiro state, local authorities reported Thursday.
According to the Rio de Janeiro civil defense authorities, at least 400 firefighters are working with Army personnel to search for survivors, after a large part of Petropolis was destroyed by landslides and floods.
Heavy rains on Tuesday in the mountainous city, located about 68 km north of the city of Rio de Janeiro, triggered over 50 landslides.
More than 500 families were evacuated, while the power grid and drinking water supply were also affected.
Governor of Rio de Janeiro state Claudio Castro likened the conditions to a “war situation,” while the Petropolis mayor’s office decreed a state of public disaster and issued an alert to the population about the possibility of more downpours in the next 48 hours.
Meanwhile, the Brazilian Ministry of Science, Technology and Innovation indicated that the risks of new landslides were “very high,” since the intense rains raised the level of moisture in the soil, which in turn generates the possibility of new large-scale precipitation.

Produced by Xinhua Global Service