Connect with us

Media

အီဂျစ်နိုင်ငံက ၂၀၂၈ ခုနှစ်မတိုင်မီ နှစ်စဉ် တရုတ်ခရီးသွားဧည့်သည် ၃ သန်းဝင်ရောက်မည်ဟု ခန့်မှန်း

ကိုင်ရို၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံက တရုတ်ခရီးသွားလုပ်ငန်းဈေးကွက်၌ ပါဝင်မှု တိုးမြှင့်ရေး ရည်မှန်းချက်ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၈ ခုနှစ်မတိုင်မီ နှစ်စဉ် တရုတ်ခရီးသွားဧည့်သည် ၃ သန်းကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း အီဂျစ် ခရီးသွားလာရေးနှင့် ရှေးဟောင်းပစ္စည်းဆိုင်ရာဝန်ကြီး Ahmed Issa က ပြောကြားခဲ့သည်။
လက်ရှိတွင် အီဂျစ်နိုင်ငံသို့ သီတင်းပတ်တစ်ပတ်လျှင် တရုတ်ခရီးသွားဧည့်သည်ဦးရေ ၄,၀၀၀ မှ ၅,၀၀၀ ကြား ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

“ယခင်စံချိန်တွေနဲ့ နှိုင်းယှဉ်ရင်တော့ ကောင်းမွန်တဲ့ အရေအတွက်ပါပဲ၊ ဒါပေမဲ့ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်သေးတယ်လို့ ကျွန်တော်ထင်တယ်” ဟု ဝန်ကြီးက ဆင်ဟွာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
တရုတ်ခရီးသွားဧည့်သည်များ တိုးမြှင့်လက်ခံနိုင်ရန်အလို့ငှာ လေကြောင်းခရီးစဉ်များနှင့် ဟိုတယ်အခန်းများ ပိုမိုလိုအပ်နေကြောင်းလည်း Issa က ပြောခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အီဂျစ်မှာလာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ တရုတ်ခရီးသွားလုပ်ငန်းတွေကိုလည်း အီဂျစ်ခရီးစဉ်တွေ စီစဉ်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဝန်ကြီးအနေဖြင့် တရုတ်နိုင်ငံဘက်ခြမ်းနှင့် နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးရန် ၂၀၂၄ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းက အီဂျစ်နိုင်ငံရှိ အဓိကလုပ်ငန်းများအနက် တစ်ခုဖြစ်ကာ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Egypt eyes 3 mln Chinese tourists annually by 2028: minister
CAIRO, Nov. 27 (Xinhua) — Egypt seeks to attract 3 million Chinese tourists annually by 2028 as part of the country’s ambitious strategy to increase its share in the Chinese tourism market, Egyptian Minister of Tourism and Antiquities Ahmed Issa said on Sunday.
Egypt currently receives between 4,000 and 5,000 Chinese tourists per week. “That is a good number compared to previous records, but I think we can do much more,” the minister told Xinhua in an interview.
Issa said that in order to host an increasing number of Chinese visitors, more flights and hotel rooms are required.
“We welcome Chinese hotel owners and investors to invest in Egypt, and we welcome Chinese tour operators to organize trips to Egypt,” he said.
The minister said he was looking forward to visiting China in early 2024 to discuss further cooperation with the Chinese side.
Tourism is one of the key industries in Egypt, accounting for around 12 percent of its gross domestic products (GDP).