Connect with us

Media

တရုတ်နိုင်ငံ၏ ၃၉ ကြိမ်မြောက် အန္တာတိက စူးစမ်းလေ့လာမှုစတင်

ရှန်ဟိုင်း ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွဲ သင်္ဘော နှင်းနဂါး-၂ (Xuelong2) သည် ၃၉ ကြိမ်မြောက် အန္တာတိက စူးစမ်းလေ့လာရေးခရီးစဉ် စတင်ရန် ရှန်ဟိုင်းမြို့မှ အောက်တိုဘာ ၂၆ ရက်တွင် စတင် ထွက်ခွာခဲ့သည်။

စုစုပေါင်း သုတေသီ ၂၅၅ ဦးတို့သည် တောင်ဝင်ရိုးစွန်းတွင် လေထုပေါင်းစပ်ဖွဲ့စည်းပုံ၊ ရေပတ်ဝန်းကျင်၊ အနည်ကျ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် စသည့်ကဏ္ဍများ၌ စူးစမ်းလေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သုတေသီအဖွဲ့ နှစ်ဖွဲ့လာရောက်ကြမည်ဖြစ်ရာ ဒုတိယအသုတ်မှာ အောက်တိုဘာ ၃၁ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စူးစမ်းလေ့လာရေးအဖွဲ့သည် လာမည့်နှစ် ဧပြီလဆန်းတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

ရေခဲခွဲသင်္ဘော နှင်းနဂါး-၂ (Xuelong2) သည် စုစုပေါင်း အရှည် ၁၂၂ မီတာခန့်၊ အကျယ် ၂၂ မီတာခန့်၊ သင်္ဘောဝမ်းပမာဏနှင့် ညီမျှသော ရေထုအလေးချိန် (displacement) တန်ပေါင်း ၁၄,၀၀၀ ရှိပြီး ရေမိုင် ၂၀,၀၀၀ ခံနိုင်ရည်အားရှိပြီး တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ဝင်ရိုးစွန်းဒေသ စူးစမ်းလေ့လာရေး ရေခဲခွဲ သင်္ဘောဖြစ်သည်။ (Xinhua)
………………………………………………

(English Version)

China’s 39th Antarctic expedition begins
China’s research icebreaker Xuelong 2, or Snow Dragon 2, set off from Shanghai on Oct. 26, marking the start of the country’s 39th Antarctic expedition.
A total of 255 researchers will carry out investigations in the fields of atmospheric composition, water environment, sedimentary environment and ecosystem at the South Pole, and will arrive in two batches, with the second batch setting out on Oct. 31, 2022.
The expedition team is expected to return to China in early April next year.
With a total length of about 122 meters, a width of about 22 meters, a designed displacement of nearly 14,000 tonnes and an endurance of 20,000 nautical miles, Xuelong 2 is China’s first domestically built icebreaker for polar research.