Connect with us

Media

အမေရိကန်အနေဖြင့် တရုတ်မျဉ်းနီကို စိန်ခေါ်မည်ဆိုလျှင် ခိုင်မာသည့် တန်ပြန်တုံ့ပြန်မှုကို ခံရမည် ဖြစ်ကြောင်း ကျောက်လိကျန်း ပြောကြား

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ဇူလိုင် ၂၈ ရက်တွင် ဆက်သွယ်ဆွေးနွေးခဲ့ရာ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် နှစ်ဘက်ဂရုပြုကြသည့် ကိစ္စရပ်များအပေါ် ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာမေးခွန်းများကို ပြန်လည်ဖြေကြားစဉ် ပြောကြားခဲ့သည်။
ကျောက်လိကျန်းက တရုတ်နိုင်ငံအနေဖြင့် ယခုကာလများတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်၍ အထူးဂရုပြုမှုနှင့်လေးနက်သည့် ရပ်တည်ချက်အပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားပြီးဖြစ်ရာ “အကယ်၍ အမေရိကန်ဘက်မှ တရုတ်၏ မျဉ်းနီကို စိန်ခေါ်မည်ဆိုပါက ပြတ်သားသည့် တန်ပြန်တုံ့ပြန်မှုမျိုးခံရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဖြစ်ပွားသော နောက်ဆက်တွဲရလဒ်အလုံးစုံကို အမေရိကန်ဘက်ကသာ တာဝန်ခံရမည် ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ (Xinhua)