Connect with us

Media

ဂျာမနီနိုင်ငံက နောက်ဆုံး နျူကလီးယားစွမ်းအင်သုံးဓာတ်ပေါင်းဖို သုံးခုအား ပိတ်သိမ်း

ဘာလင် ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ၏ နောက်ဆုံး လည်ပတ်နေသည့် နျူကလီးယားစွမ်းအင်သုံးဓာတ်ပေါင်းဖို သုံးခုအား ဧပြီ ၁၅ ရက်ညပိုင်းတွင် ပိတ်သိမ်းခဲ့ပြီး နိုင်ငံအတွင်း ရာစုနှစ်တစ်ဝက်ကျော် နျူကလီးယားစွမ်းအင် အသုံးပြုမှု အဆုံးသတ်သွားခဲ့ကြောင်း သိရသည်။

Emsland ၊ Neckarwestheim II နှင့် Isar II ပိတ်သိမ်းခြင်းတို့သည် ညသန်းခေါင်မတိုင်မီ ဖြစ်ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု၌ ၂၀၁၁ ခုနှစ် နျူကလီးယားမတော်တဆ ဖြစ်စဉ်ပြီးနောက် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အိန်ဂျလာမာကဲလ်၏ ခေါင်းဆောင်မှုအောက်တွင် နျူကလီးယား အဆင့်လိုက် ရပ်ဆိုင်းရေးအား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် စီစဉ်ခဲ့သည်။

သို့သော်လည်း စွမ်းအင်အကျပ်အတည်ကြောင့် စက်ရုံများ၌ လည်ပတ်မှုများအား ၂၀၂၃ ခုနှစ် ဧပြီလအထိ သက်တမ်းတိုးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)

Germany shuts down last three nuclear power reactors
Germany shut down its last three operating nuclear power reactors Saturday night, putting an end to more than half a century of nuclear power usage in the country.
The shutdown of Emsland, Neckarwestheim II and Isar II came shortly before midnight.
After the 2011 nuclear accident in Fukushima, Japan, Germany’s nuclear phase-out was scheduled to be completed by the end of 2022 under the leadership of former Chancellor Angela Merkel.
However, due to the energy crisis, operations at the plants have been extended until April 2023.
Xinhua News Agency correspondents reporting from Berlin.
(XHTV)