Connect with us

Media

တရုတ်နိုင်ငံရှမန်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲနေပြီဖြစ်

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကြောင့် ရပ်နားထားခဲ့ရသော တရုတ်နိုင်ငံရှမန်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။
ရှမန်လေကြောင်းလိုင်းသည် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလတွင် ရှမန်မြို့နှင့် ရန်ကုန်မြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်မှ စတင်ကာ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင်သုံးကြိမ်ဖြင့် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ရှမန်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ကြားလေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲနေခြင်းဖြစ်သည်။ (Xinhua)