Connect with us

Media

ဖူကူရှီးမား ဒိုင်အိချိနျူကလီးယားစက်ရုံမှ ထရီတီယမ် စွန့်ထုတ်မှုက လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေ

တိုကျို၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစက်ရုံမှ ထရီတီယမ် (tritium) စွန့်ထုတ်မှုက လူ့ခန္ဓာကိုယ်ကို ဆိုးဝါးစွာထိခိုက်စေမည်ကိုစိုးရိမ်ကြောင်း သိပ္ပံပညာရှင်များစွာက ပြောကြားခဲ့သည်။
ဖူကူရှီးမားစက်ရုံမှ ထရီတီယမ် တွေပါဝင်နေသော ရေများစွန့်ထုတ်မှုက လူ့ခန္ဓာကိုယ်၏ ဆဲလ်နှင့် တစ်သျှူးများကို ပျက်စီးစေနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သော Timothy Mousseau က ပြောခဲ့သည်။
“လူ့ခန္ဓာကိုယ်အတွင်းကို ထရီတီယမ် ဝင်ရောက်သွားတဲ့အခါ အခြားရေဒီယိုသတ္တိကြွပစ္စည်းတွေလိုပဲ အန္တရာယ်ဖြစ်စေပါတယ်။ ပြီးတော့ အဲဒါက မျိုးရိုးဗီဇဆိုင်ရာပစ္စည်းတွေပေါ်၊ ပရိုတိန်းတွေပေါ်၊ အမိုင်နိုအက်ဆစ်တွေပေါ် ရေဒီယိုသတ္တိကြွသက်ရောက်မှုတွေအရ အန္တရာယ်နှစ်ဆကျော်ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဂျပန်နိုင်ငံက ၂၀၂၃ ခုနှစ်မှစ၍ ထရီတီယမ် ပါဝင်သော ရေများကို သမုဒ္ဒရာအတွင်းသို့ နှစ်ပေါင်း ၃၀ ကြာ စွန့်ထုတ်ရန် စီစဉ်ထားသော်လည်း ထိုသို့စွန့်ထုတ်မည့်အစီအစဉ်မှာ စီစဉ်ထားသည်ထက် ပိုမိုကြာမြင့်နိုင်မည်ဖြစ်ကြောင်း Greenpeace East Asia မှ အကြီးတန်း နျူကလီးယားကျွမ်းကျင်ပညာရှင် Shaun Burnie က ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Discharge of tritium from Fukushima to harm human body: scientists
Multiple scientists have voiced concern that the discharge of tritium from Japan’s crippled Fukushima Daiichi nuclear power plant will severely harm human bodies.
At a press conference in Seoul, Timothy Mousseau, a professor at the University of South Carolina, said that consistent ingestion of tritiated water discharged from the Fukushima plant can lead to cell and tissue damage of the human body.
TIMOTHY MOUSSEAU, Professor of biological sciences at University of South Carolina
“When tritium gets inside the body, it’s at least as dangerous as any of the other radionuclides. And in some cases, it’s more than double as dangerous in terms of the effects of the radiation on the genetic material, on the proteins, on the amino acids.”
Japan planned to release over 1.2 million tons of the tritium-laced water into the ocean for 30 years from 2023, but the discharge would last much longer than planned, according to Shaun Burnie, a senior nuclear specialist at Greenpeace East Asia.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.