Connect with us

Media

ဆီးဂိမ်းပြိုင်ပွဲသို့ အားကစားသမား ၄၀၀ ကျော် စေလွှတ်မည်

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားသမား ၄၀၀ ကျော် စေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ဧပြီလအစောပိုင်းက ပြောကြားသည်။ လာမည့်ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနက် ၃၀၀ ကျော်မှာ နေပြည်တော်၌ လေ့ကျင့်လျက်ရှိပြီး ကျန်ကစားသမား ၁၀၀ ကျော်မှာ ရန်ကုန်တွင် လေ့ကျင့်လျက်ရှိကြောင်း ၎င်းကဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117