Connect with us

Media

တရုတ်နိုင်ငံကလေ့ကျင့်ပေးထားသည့် ကမ္ဘောဒီးယားအားကစားသမားများက ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်အများအပြား ရရှိရန် မျှော်လင့်

ဖနွမ်းပင် ၊ မေ ၁၀ ရက်(ဆင်ဟွာ)

လက်ရှိကျင်းပနေသော ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲ၌ တရုတ်နိုင်ငံက လေ့ကျင့်ပေးထားသည့် ကမ္ဘောဒီးယားအားကစားသမား အများအပြားက ဆုတံဆိပ်များ ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ချက် ရှိကြကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၆၄ နှစ်အတွင်း ပထမဆုံးအကြိမ်အနေဖြင့် မေ ၅ ရက်မှ ၁၇ ရက်အထိ ဆီးဂိမ်းအားကစားပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး Morodok Techo အမျိုးသား အားကစားရုံက ဖွင့်ပွဲ ၊ ပိတ်ပွဲ နှင့် ပြိုင်ပွဲများအတွက် အဓိကကျင်းပရာနေရာ ဖြစ်ကြောင်း သိရသည်။

နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံ နှင့် အရှေ့တီမောနိုင်ငံများမှ အားကစားသမားများ၊ နည်းပြများ၊ အကဲဖြတ်ဒိုင်လူကြီးများနှင့် ကိုယ်စားလှယ်တော်များ စုစုပေါင်း ၁၀,၈၉၀ ဦးတို့ကို အတူတကွ စုစည်းပေးခဲ့ပြီး ပြိုင်ပွဲ၌ အားကစားနည်း ၃၆ ခုကို ပြိုင်ပွဲပေါင်း ၅၇၉ ခုဖြင့် အားကစားသမားများက ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မေ ၉ ရက် ဒေသစံတော်ချိန် ည ၈ နာရီအထိ ထိုင်းနိုင်ငံက ရွှေတံဆိပ်ဆု ၄၀ ခု ၊ ငွေတံဆိပ်ဆု ၃၀ ခုနှင့် ကြေးတံဆိပ်ဆု ၄၃ ခုဖြင့် ထိပ်ဆုံး၌ ရှိနေကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
Chinese-trained Cambodian athletes hope to bag medals at 32nd SEA Games
Several China-trained Cambodian athletes are confident of winning medals at the ongoing 32nd Southeast Asian (SEA) Games.
Cambodia hosts the SEA Games for the first time in 64 years from May 5 to 17, with the Morodok Techo National Stadium the centerpiece venue for opening and closing ceremonies, and tournaments.
The biennial multi-sport event has brought together a total of 10,890 athletes, coaches, arbitrators and officials from the 10 member states of the Association of Southeast Asian Nations plus Timor-Leste, seeing athletes compete in 579 events across 36 sports.
As of 8 p.m. local time on Tuesday, Thailand topped the tally with 40 gold, 30 silver, and 43 bronze medals.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)