Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၂ လကျော်ကာလအတွင်း ပဲတီစိမ်း တန်ချိန် ၁၁၇,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပဲစိမ်းတန်ချိန် ၁၁၇,၂၀၁ တန်ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဇွန် ၁၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက် မှ ဇွန်၂ ရက်အထိ မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲတီစိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၆.၆၃၉ သန်းကျော် ဝင်ငွေ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။ ယင်းကာလအတွင်း မြန်မာနိုင်ငံမှ ပဲတီစိမ်းအပါအဝင် ပဲနှင့် ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၃၁၀,၅၇၃ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ အကြံပေး၊ ဦးစိုးဝင်းမောင်က “ပဲတီစိမ်းဆိုရင် တရုတ်နိုင်ငံကိုပဲ အများဆုံးတင်ပို့ပါတယ်။ အီးယူနိုင်ငံတွေကိုတော့ ပဲပင်ပေါက် ဖောက်တဲ့ပဲကို ပို့တယ်။ နောက်တခြား ဝယ်လက်ရှိရင် ရှိသလို တခြားနိုင်ငံတွေကိုလည်းတင်ပို့ရပါတယ်” ဟု ဆင်ဟွာသို့ ဇွန် ၁၃ ရက်တွင်ပြောသည်။

ပဲတီစိမ်းကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြောင်း၎င်းကဆိုသည်။

ဦးစိုးဝင်းမောင်က “ကျွန်တော်တို့မြင်တာကတော့ ပဲတီစိမ်းက ရှေ့အလားအလာအတွက်ပိုပြီးကောင်းတယ်။ သူက ထူးခြားတာက ပဲတီစိမ်းက ကာလမရွေးဘူး။ မြန်မာနိုင်ငံမှာ မတ်ပဲနဲ့ ပဲတီစိမ်းကို အများဆုံးစိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ပျိုးမှုရဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ပဲတီစိမ်းကို မိုးမှာလည်းစိုက်တယ်။

ဆောင်းမှာလည်း စိုက်တယ်။ မတ်ပဲကိုတော့ မိုးမှာစိုက်တာမရှိသလောက်နည်းတယ်။ ဆောင်းကိုပဲ ဦးစားပေးစိုက်တယ်။ ပဲတီစိမ်းက လယ်ယာလုပ်သား သုံးရတာရှိတယ်။ ပဲတီစိမ်းက ၂ ကြိမ်၊ ၃ ကြိမ်ခူးရတယ်။ ဈေးကွက်ရှိရင် ရှိသလို ပဲတီစိမ်းကို တိုးစိုက်လာလိမ့်မယ်လို့ ထင်ပါတယ်” ဟုဆက်ပြောသည်။
၂၀၂၂-၂၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁.၉၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယင်းအနက် ပဲစိမ်းတန်ချိန် ၆၉၁,၃၉၉ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117