Connect with us

Media

တရုတ်နည်းပညာကုမ္ပဏီက AI နည်းပညာသုံး Go စက်ရုပ် စတင်ကြေညာ

ရှန်ဟိုင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော SenseTime က AI နည်းပညာသုံး Go စက်ရုပ်ကို ရှန်ဟိုင်းမြို့တွင် ဇွန် ၁၃ ရက်က ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

SenseRobot ဟု အမည်ပေးထားသော ၎င်းစက်ရုပ်တွင် လေ့ကျင့်ခန်းများနှင့် အဆင့် ၂၀ အထိ ဆော့ကစားနိုင်သော လူသား-စက်ပစ္စည်းကြား ကစားနည်းလေ့ကျင့်မှုများစွာ တပ်ဆင်ထားသည်။

အဆိုပါစက်ရုပ်ကို ဈေးနှုန်းအားဖြင့် ယွမ် ၃,၇၉၉ (အမေရိကန်ဒေါ်လာ ၅၃၄ ဒေါ်လာ) သတ်မှတ်ထားကြောင်းနှင့် စက်ရုပ်က ဝါသနာရှင်များနှင့် ပညာရှင်များ၏ တောင်းဆိုချက်များနှင့် ကိုက်ညီမှုရှိနိုင်ကြောင်း ကုမ္ပဏီက ဆိုသည်။

SenseTime ၏ ပြောကြားချက်အရ စက်ရုပ်သစ်ကို တရုတ်ဈေးကွက်၌သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Chinese tech company launches AI-powered Go robot
Chinese artificial intelligence company SenseTime unveiled an AI-powered household Go robot Tuesday in Shanghai.
Named “SenseRobot,” it is equipped with a large number of selected exercises and human-machine game training at 20 levels.
Priced at 3,799 yuan (534 U.S. dollars), the company says the robot can meet the demands of both amateurs and professionals.
SenseTime says the new robot will only sell in the Chinese market.
Xinhua News Agency correspondents reporting from Shanghai, China.
(XHTV)