Connect with us

Media

Wagner ပုန်ကန်မှုဖြစ်ရပ်တွင် အနောက်နိုင်ငံများ၏ ထောက်လှမ်းရေးဌာနများ ပါဝင်ပတ်သက်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း ရုရှား ဆို

မော်စကို၊ ဇွန် ၂၈ရက် (ဆင်ဟွာ)

Wagner ပုန်ကန်မှုဖြစ်ရပ်တွင် အနောက်နိုင်ငံများ၏ ထောက်လှမ်းရေးဌာနများ ပါဝင်ပတ်သက်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဇွန် ၂၆ ရက် Rossiya Segodnya ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

အနောက်မီဒီယာများက ရုရှားတွင် ဖြစ်ပွားသည့်ကိစ္စကို မည်သို့ သတင်းရေးသားနေသည်ကို ၎င်းအနေဖြင့် ရှင်းရှင်းလင်းလင်းသိကြောင်း Sergey Lavrov က ဆိုသည်။ မကြာမီ ပုန်ကန်မှုဖြစ်မည်ဟု အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက သိရှိသော်လည်း မည်သူ့ကိုမျှ ပြောကြားခြင်းမရှိခဲ့ဟု အမေရိကန် မီဒီယာများ ထိုမတိုင်မီရက်များက ဖော်ပြခဲ့ကြောင်း၊ “ဒါက ပုန်ကန်မှုအောင်မြင်စေချင်လို့ ဆိုတာ ထင်ရှားပါတယ်”ဟု Sergey Lavrov က ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်မှာ ရုရှားပြည်တွင်းရေးသာဖြစ်ပြီး ဤပုန်ကန်မှုတွင် အမေရိကန် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Lynne M. Tracy က ရုရှားဘက်သို့ ပြောကြားခဲ့သည်ဟု Sergey Lavrov က ဆိုသည်။ ထို့အပေါ် Sergey Lavrov က ဤဖြစ်ရပ်တွင် အနောက်နိုင်ငံများ၏ထောက်လှမ်းရေးအေဂျင်စီများ ပါဝင်ပတ်သက်မှုရှိမရှိ ရုရှားဘက်က စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယခုရက်ပိုင်း ရုရှားပြည်တွင်း သို့မဟုတ် ရုရှားအစိုးရ သတ်မှတ်ထားသော “လက်နက်ကိုင်ပုန်ကန်မှု” Wagner ဖြစ်ရပ်တွင် အမေရိကန်နှင့်၎င်း၏မဟာမိတ်များ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဇွန် ၂၆ ရက်က အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ Wagner ဖြစ်ရပ်ကို မည်သို့ ကိုင်တွယ်မည်နည်းဆိုသည့်အပေါ် ၎င်းအနေဖြင့် မဟာမိတ်ခေါင်းဆောင်များနှင့်အတူ ညှိနှိုင်းပြီးဖြစ်သည့် တစ်ချိန်တည်းတွင်ပင် “ဖြစ်လာနိုင်ဖွယ်ရှိသော အခြေအနေများကို” ကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအဖွဲ့ကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

လက်ရှိ ရုရှားပြည်တွင်းရေး အခြေအနေအပေါ် အတိအကျ ကောက်ချက်မချနိုင်သေးကြောင်းနှင့် ယခုရက်ပိုင်း ဖြစ်ပွားသည့် အခြေအနေများ၏ နောက်ဆုံးရလဒ်ကို စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ရုရှားပြည်တွင်း၌ မည်သို့ပင်ဖြစ်စေ ၊ အမေရိကန်နှင့်မဟာမိတ်များက ယူကရိန်းကို ဆက်လက်ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
俄方表示正在调查西方情报部门是否参与瓦格纳事件
新华社莫斯科6月26日电(记者黄河)俄罗斯外交部长拉夫罗夫26日接受“今日俄罗斯”电视台采访时表示,俄方正在调查西方情报部门是否参与了瓦格纳事件。
拉夫罗夫表示,他清楚西方媒体是如何报道在俄罗斯所发生的事。他指出,美国媒体此前报道称,美情报部门几天前就知道即将发生叛乱,但决定不告诉任何人,“这显然是希望叛乱能够成功”。
拉夫罗夫还说,美国驻俄罗斯大使琳恩•特雷西已向俄方表示,这一事件是俄罗斯内政,美方与此次叛乱无关。对此,拉夫罗夫表示,俄方正在调查西方情报部门是否参与了这一事件。
美国总统拜登26日在白宫发表讲话表示,美国及其盟友未参与近日发生在俄国内、被俄政府定性为“武装叛乱”的瓦格纳事件。拜登说,他已与盟国领导人就如何应对瓦格纳事件进行了协调,同时指示白宫国家安全团队准备好应对“一系列可能发生的情况”。
拜登还说,目前美方尚无法就俄国内局势走向得出确定性结论,几天来发生的所有情况的最终结果仍有待观察。无论俄国内发生什么事,美国及其盟友将继续支持乌克兰。
1. 6月24日,执勤人员在俄罗斯莫斯科红场附近警戒。新华社记者 白雪骐 摄