Connect with us

Media

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား လေကြောင်းလိုင်းသစ်ပြေးဆွဲ

ကူမင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မန်စီမြို့ရှိ လေဆိပ်၌ ဆင်းသက်ခဲ့ပြီး မန်စီမြို့နှင့် မြန်မာနိုင်ငံ၏ အဓိကမြို့များဖြစ်သော မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့ကို ချိတ်ဆက်သောလေကြောင်းလိုင်း ပြေးဆွဲမှုကို စတင်လိုက်သည်။

အသစ်ပြေးဆွဲသော အဆိုပါ လေကြောင်းခရီးစဉ်သည် တစ်ပတ်လျှင် ၃ ကြိမ်၊ အထူးသဖြင့် အင်္ဂါနေ့၊ ကြာသပတေးနှင့် စနေနေ့များ၌ ပြေးဆွဲမည်ဖြစ်သည်။ အဆိုပါခရီးစဉ်သည် မန်စီမြို့နှင့် ရန်ကုန်မြို့အား ချိတ်ဆက်ထားသလို မန္တလေးမြို့၌လည်း ခရီးတစ်ထောက်ရပ်နားမည်ဖြစ်သည်။

မန်စီမြို့ကို မြန်မာနိုင်ငံနှင့်နယ်မြေချင်းထိစပ်နေသော တက်ဟုန်း တိုင်လူမျိုးနှင့် ဂျိန်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှ စီမံအုပ်ချုပ်ခြင်းဖြစ်သည်။

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုက နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်လျက်ရှိကြောင်းနှင့် နှစ်နိုင်ငံပြည်သူများကြား ကူးလူးဖလှယ်မှုများကိုလည်း တိုးမြှင့်ပေးလျက်ရှိကြောင်း ယင်းပြည်နယ်ခွဲ အကြီးအကဲ ဝေ့ကန်းက ပြောခဲ့သည်။

“လေကြောင်းလိုင်းသစ်က စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းနယ်ပယ်တွေမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံမြှင့်တင်ပေးနိုင်ပါတယ်” ဟု ဝေ့က ဆိုသည်။ (Xinhua)

……………………………
(English Version)
New air route launched linking China, Myanmar
KUNMING, June 30 (Xinhua) — A Myanmar National Airlines plane landed at the airport in Mangshi City in southwest China’s Yunnan Province on Thursday, marking the launch of the air route linking Mangshi with Myanmar’s major cities Mandalay and Yangon.
The newly opened air route operates three times a week, specifically on Tuesday, Thursday and Saturday. It connects Mangshi with Myanmar’s largest city Yangon, with a stopover in Mandalay, the country’s second-largest city.
Mangshi City is administered by the Dehong Dai and Jingpo Autonomous Prefecture bordering Myanmar. According to Wei Gang, head of the prefecture, the Belt and Road Initiative and China-Myanmar Economic Corridor construction have boosted cooperation between the two countries and enhanced exchanges among the people.
“With the help of the new air route, we will further promote collaboration between the two sides in areas of economy, trade, culture and tourism,” Wei said.