Connect with us

Media

ယခုနှစ် မိုးစပါးရာသီတွင် ဈေးကောင်းရရှိရန် လယ်သမားများ မျှော်လင့်

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် စပါးရိတ်သိမ်းသည့်အချိန်တွင် စပါးဈေးကောင်းပြီး အမြတ်ငွေ တိုးလာခဲ့ခြင်းကြောင့် တောင်သူများ အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပျိုးထောင်စိုက်ပျိုးနည်းဖြင့် စပါးစိုက်ပျိုးရန် စတင်ပြင်ဆင်လာကြသည်။ ယခုနှစ် မိုးစပါးရာသီတွင် ဈေးကောင်းရရှိရန် လယ်သမားများ မျှော်လင့်နေကြကာ ဓာတ်မြေဩဇာဈေးနှုန်းများ ကျဆင်းခြင်းကြောင့် တောင်သူလယ်သမားများ အနေဖြင့်လည်း ကုန်ကျစရိတ် သက်သာရာရမည်ဟု မျှော်လင့်ထားကြသည်။ စပါးဈေးမှာ တစ်တင်း ၄၆ ပေါင်ကိုက် တင်း ၁၀၀ လျှင် ပျမ်းမျှအားဖြင့် ကျပ် ၁၆ သိန်းဝန်းကျင်ရှိပြီး ယခင်နှစ်ကာလတူက စပါးတင်း ၁၀၀ လျှင် ကျပ် ၆ သိန်းဝန်းကျင်သာရှိခဲ့သည့်အတွက် လက်ရှိစပါးဈေးမှာ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117