Connect with us

Media

မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်တွင် ဇူလိုင်လ ၁၂ ရက် က မော်တော်ယာဉ်တစ်စီးကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ခန့်မှန်းခြေအားဖြင့် ကျပ်သိန်း ၃,၀၀၀ ခန့် ရှိကြောင်း သိရသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ သံသယရှိသူငါးဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
သံသယရှိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုထားပြီး ထပ်မံ၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117