Connect with us

Media

ဟောင်ကောင် ကျောင်းသား/ကျောင်းသူများ လူငယ်အာကာသယာဉ်မှူး စခန်းသွင်းလေ့ကျင့်မှု ၂၀၂၃ အတွက် ပေကျင်းမြို့သို့ သွားရောက်မည်

ဟောင်ကောင် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အာကာသပြတိုက်၌ လူငယ်အာကာသယာဉ်မှူးစခန်းသွင်းလေ့ကျင့်မှု ၂၀၂၃ အတွက် နှုတ်ဆက်ပွဲအခမ်းအနားအား ဇူလိုင် ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွေးချယ်ထားသည့် အလယ်တန်း ကျောင်းသား ၃၀ က ဇူလိုင် ၂၉ ရက်တွင် ပေကျင်းမြို့သို့ ၈ ရက်ကြာလေ့ကျင့်ရေးအစီအစဉ်အတွက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည့် လူငယ်အာကာသယာဉ်မှူးလေ့ကျင့်ရေးစခန်းတွင် ကျောင်းသား/ကျောင်းသူ ၃၃၀ ဦး အစီအစဉ်တွင် ပါဝင်ခဲ့သည်။ စခန်းသွင်းလေ့ကျင့်မှု၌ ပါဝင်ရန်လျှောက်ထားမှုများအား မေလတွင် စတင်ခဲ့သည်။ အလယ်တန်း ကျောင်းပေါင်း ၁၀၀ ခန့်မှ လျှောက်ထားသူ ၁၆၀ ကျော်က နက္ခတ္တဗေဒ နှင့် အာကာသသိပ္ပံ ၊ သုံးရက်ကြာ အကြိုစခန်းသွင်းလေ့ကျင့်မှုများ နှင့် တွေ့ဆုံမေးမြန်းမှု စမ်းသပ်မှုများ ပါဝင်သည့် ရွေးချယ်မှု သုံးကြိမ်အား ဖြတ်သန်းခဲ့ကြရသည်။ နောက်ဆုံးတွင် အလယ်တန်းကျောင်းသား/သူ ၃၀ ဦးကို လူငယ် အာကာသယာဉ်မှူး များအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Hong Kong students to leave for Beijing for Young Astronaut Training Camp 2023
A send-off ceremony for the Young Astronaut Training Camp 2023 was held at the Hong Kong Space Museum on Tuesday. Thirty selected local secondary students will set off for Beijing on July 29 for an eight-day training programme.
The Young Astronaut Training Camp, which started in 2009, has seen 330 students join the programme. The camp opened for applications in May. More than 160 applicants from about 100 local secondary schools went through three rounds of selection, which involved a test on astronomy and space science, a three-day pre-camp training and an interview. Finally, 30 students from Secondary 2 to Secondary 6 were chosen as Young Astronauts.
Xinhua News Agency correspondents reporting from Hong Kong, China.(XHTV)