Connect with us

Media

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရာထူးမှ အနားယူကာ အစိုးရအဖွဲ့သစ်တွင် ဟွန်မန်နက်ကို အာဏာ လွှဲပြောင်းပေးမည်

ဖနွမ်းပင် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ဝန်ကြီးချုပ်တာဝန်ကို ၃၈ နှစ်ကြာ ထမ်းဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက်တွင် ရာထူးမှ နုတ်ထွက်ကာ ၎င်း၏သားအကြီးဆုံး ဟွန်မန်နက်ကို အာဏာလွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ကြေညာခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်က “ဟွန်မန်နက်က သီတင်းပတ်သုံးပတ်ကျော်လောက်မှာ ဝန်ကြီးချုပ် ဖြစ်လာပါလိမ့်မယ်။ ဘုရင်က ဩဂုတ် ၂၁ ရက်မှာ ပထမအကြိမ် အောက်လွှတ်တော်ကို ဆင့်ခေါ်မှာ ဖြစ်ပြီးတော့ ဩဂုတ် ၂၂ ရက် ညနေပိုင်းမှာ အစိုးရအဖွဲ့သစ် ကျန်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မကြာမီပြုလုပ်မည့် အာဏာလွှဲပြောင်းမှုသည် နိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် နိုင်ငံရေးတည်ငြိမ်မှုအား ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့သစ်တွင် ငယ်ရွယ်ပြီး တက်ကြွသော ခေါင်းဆောင်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(English Version)
Cambodian PM Hun Sen to retire, transfer power to Hun Manet in new gov’t
Cambodian Prime Minister Samdech Techo Hun Sen said on Wednesday that he would step down from Aug. 22 after serving the post for more than 38 years in the Southeast Asian nation, and would pass the reins of power to his eldest son Hun Manet.
SOUNDBITE (Khmer): SAMDECH TECHO HUN SEN, Prime Minister of Cambodia
“Hun Manet will become the prime minister in just more than three weeks. The king will convene the National Assembly for the first time on Aug. 21, 2023, and on the evening of Aug. 22, the new cabinet will be sworn in.”
The upcoming power transition was to continue ensuring the country’s peace and political stability, he said, adding that the new cabinet would consist of young and dynamic leaders.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)