Connect with us

Media

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် က တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်း (CPV) အာဇာနည်များကို သုသာန်၌ သွားရောက် အလေးပြု

ဆိုးလ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်း က မြောက်ကိုရီးယားနိုင်ငံ လွတ်မြောက်ရေးစစ်ပွဲ အောင်ပွဲ နှစ် ၇၀ ပြည့် အခမ်းအနားတွင် တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်း (CPV) အာဇာနည်များအား ချီကျူးဂုဏ်ပြုသောအားဖြင့် အလေးပြုခဲ့ကြောင်း Central News Agency (KCNA) ၏ ဇူလိုင် ၂၆ ရက် သတင်းတွင် ဖော်ပြခဲ့သည်။

ကိုရီးယားအလုပ်သမားပါတီ (WPK) ၏ အထွေထွေအတွင်းရေးမှူးနှင့် မြောက်ကိုရီးယားနိုင်ငံသမ္မတဖြစ်သူ ကင် က South Phyongan ပြည်နယ် Hoechang ခရိုင်ရှိ CPV အာဇာနည်များ၏ သုသာန်သို့ သွားရောက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အာဇာနည်ဗိမာန်တွင် ကင်၏ အမည်ရေးထိုးထားသော လွမ်းသူ့ပန်းခွေ ချထားခဲ့သည်။ ယင်းပန်းခွေ၏ ဖဲကြိုးပေါ်တွင် ” ထာဝရရှင်သန်နေမည့် တရုတ် ပြည်သူ့စေတနာ့ဝန်ထမ်း အာဇာနည်များ” ဟူသော စာတန်းအား ရေးသားထားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကင် သည် CPV အာဇာနည်များအား တိတ်ဆိတ်စွာ ဂုဏ်ပြုခဲ့ပြီး Mao Anying ၏ အုတ်ဂူရှေ့တွင် ပန်းတစ်ပွင့်ချထားကာ အလေးပြုခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံပြည်သူများအကြား စည်းလုံးညီညွတ်မှု သမိုင်းကြောင်းနှင့် အစဉ်အလာကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ စတုရန်းမီတာ ၉၀,၀၀၀ ကျယ်ဝန်းသော အာဇာနည်များလဲလျောင်းရာ အဆိုပါ သုသာန်ကို ၁၉၅၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………..
(English Version)
Top DPRK leader pays tribute to CPV martyrs in cemetery visit
SEOUL, July 26 (Xinhua) — Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK), paid tribute to the martyrs of the Chinese People’s Volunteers (CPV) on the occasion of the 70th anniversary of the victory in the country’s Fatherland Liberation War, the official Korean Central News Agency (KCNA) reported Wednesday.
Kim, general secretary of the Workers’ Party of Korea (WPK) and president of the State Affairs of the DPRK, visited the cemetery of CPV martyrs in Hoechang County of South Phyongan Province, according to the report.
A wreath in the name of Kim was laid at the monument to the CPV martyrs. Written on the ribbons of the wreath were letters reading “Martyrs of the Chinese People’s Volunteers will Be Immortal,” said the report.
Kim paid a silent tribute in memory of the CPV martyrs, and then placed a flower before the grave of Mao Anying at the cemetery and paid a tribute to him, it said.
The history and tradition of unity between the two peoples would be carried forward through generations, he added. The construction of the 90,000-square-meter cemetery was completed in 1957. Enditem