Connect with us

Media

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဒုတိယ ၆ လပတ်အတွက် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလီယံခန့် ဝင်ငွေရရှိရန်လျာထားဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလီယံခန့်ကို ရရှိရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၁၈ ရက်တွင်ပြောသည်။ “ ကျွန်တော်တို့ ဒီနှစ်ဘဏ္ဍာနှစ်ရဲ့ ဒုတိယ(၆)လပတ် အတွက် ပို့ကုန်ကို အမေရိကန်ဒေါ်လာ (၁၆.၅) ဘီလီယံ၊ သွင်းကုန်ကို အမေရိကန်ဒေါ်လာ (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂.၅)ဘီလီယံ လျာထားပါတယ်။ သွင်းကုန်ထက် ပို့ကုန်ပမာဏ တိုးတက်စေဖို့အတွက် ဝန်ကြီးက လမ်းညွှန်ထားပါတယ်။ ပို့ကုန်တင်ပို့မှုနဲ့ ပတ်သက်ပြီး အခက်အခဲတစုံတရာ ရှိရင်လည်း ညှိနှိုင်းဆောင်ရွက်ပေးဖို့အတွက် ဝန်ကြီးက လမ်းညွှန်ထားပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ပို့ကုန်တိုးမြှင့်ရန်အတွက် ဆောင်ရွက်ရာတွင် ဆန်၊ ပဲအမျိုးမျိုး အပါအဝင် အခြားသော ပို့ကုန်ပစ္စည်းများကို ပို့ကုန်မြှင့်တင်ရေး လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ(၆)လပတ် ဖြစ်သော ဧပြီလမှ စက်တင်ဘာလကုန်အထိ ပို့ကုန်တင်ပို့မှုသည် ၄၆% ၊ သွင်းကုန်တင်သွင်းမှုသည် ၅၃% ရှိခဲ့ပြီး ပို့ကုန်သည် သွင်းကုန်ထက် အနည်းငယ်လျော့နည်းလျက်ရှိပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူဖြစ်သော ပထမ ၆ လပတ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၁) ဘီလီယံခန့် လျော့နည်းလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပို့ကုန်လုပ်ငန်းရှင်များနှင့် အောက်တိုဘာ ၁၆ ရက်ကပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေးတွင် ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရာဘာ၊ ချုပ်ပြီးအထည်တို့ကို ပြည်ပသို့ တင်ပို့ရာတွင် အနည်းငယ်လျော့နည်းခဲ့ခြင်းမှာ ပြည်ပဝယ်လက်များ၏ မှာယူမှုနည်းခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းနှင့် တရားမဝင် ကုန်သွယ်မှုတို့ကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်များမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117