Connect with us

Media

တရုတ် ၊ မွန်ဂိုလီးယား ၊ ရုရှား နိုင်ငံတို့အား ချိတ်ဆက်ထားသည့် လမ်းကြောင်းသစ် စမ်းသပ်ပြေးဆွဲမှု စတင်

ဝူးလူမုချီ ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့၌ အမှတ် ၄ အာရှလမ်းမကြီး (AH4)ပေါ်တွင် တရုတ်နိုင်ငံ ၊ မွန်ဂိုလီးယားနိုင်ငံနှင့် ရုရှားနိုင်ငံတို့အား ချိတ်ဆက်ထားသည့် နိုင်ငံတကာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်း စမ်းသပ်ပြေးဆွဲမှုအား စက်တင်ဘာ ၂၂ ရက်က စတင်ခဲ့ကြောင်း သိရသည်။

ကုန်တင်ကားများသည် မွန်ဂိုလီးယားနိုင်ငံနှင့် ရုရှားနိုင်ငံတို့အား ဖြတ်သန်းကာ ရုရှားနိုင်ငံ၏ တတိယမြောက် အကြီးဆုံးမြို့ Novosibirsk သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းကြောင်းသစ်သည် တရုတ်နိုင်ငံ ၊ မွန်ဂိုလီးယားနိုင်ငံနှင့် ရုရှားနိုင်ငံတို့အား ချိတ်ဆက်ထားသည့် ဒုတိယမြောက် နိုင်ငံတကာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Trial of new road connecting China, Mongolia, Russia begins
The trial of an international road transport route connecting China, Mongolia and Russia on the Asia Highway 4 (AH4) began on Friday morning in Urumqi, northwest China’s Xinjiang Uygur Autonomous Region.
The trucks will proceed through Mongolia and Russia, arriving ultimately in Novosibirsk, Russia’s third-largest city.
The new route is the second international road transport channel connecting China, Mongolia and Russia.