Connect with us

Media

အာဖရိကတွင် တရုတ်နိုင်ငံနှင့်အတူ BRI ပူးပေါင်းဆောင်ရွက်မှုက အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေး

အာဒစ် အာဘာဘာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်း အဆိုပြုချက် (BRI) အောက်ရှိ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိကတိုက်တစ်ခွင် အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှုနှင့် ပေါင်းစည်းမှုကို မြှင့်တင်လျက်ရှိကြောင်း အာဖရိကသမဂ္ဂ (AU) အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ၁၀ နှစ်ပြည့်မြောက်သည့် အခါသမယလည်း ဖြစ်သည်။ “ဒီ ၁၀ နှစ်တာကာလအတွင်း ကျွန်တော်တို့အနေနဲ့ အာဖရိက အခင်းအကျင်းကို ကြည့်လိုက်တဲ့အခါမှာ BRI ရဲ့ လွန်စွာ ကောင်းမွန်လှတဲ့ သက်သေကို ကျွန်တော်တို့ တွေ့ရှိရပါတယ်” ဟု စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ စက်မှုနှင့် သတ္တုတွင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ AU ကော်မရှင်နာ AU Albert Muchanga က ပြောခဲ့သည်။
BRI အောက်တွင် တရုတ်နှင့် အာဖရိကကြား ပူးတွဲအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုက “အာဖရိကနိုင်ငံတွေနဲ့ ချိတ်ဆက်ဖို့ အလွန်လွယ်ကူစေတယ်” ဟု ၎င်း ပြောခဲ့သည်။
“ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်မှ အာဖရိကအနေနဲ့ တကယ်ကို အကျိုးကျေးဇူးတွေ အများကြီး ရရှိပါတယ်” ဟု Muchanga က ပြောခဲ့သည်။

စွမ်းအင်ကဏ္ဍမှာ ပိုမိုသန့်စင်တဲ့ စွမ်းအင်အဖြစ် ကူးပြောင်းရေး အာဖရိက၏ စိတ်အားထက်သန်မှုများကို အကောင်အထည်ဖော်နိုင်ရန် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း AU ကော်မရှင်နာက ပြောခဲ့သည်။”ကျွန်တော်တို့ စိမ်းလန်းတဲ့ အသွင်ကူးပြောင်းမှုဆီ သွားနေပါတယ်။ နည်းပညာတွေ လိုအပ်ပါတယ်။ ပြီးတော့ အာဖရိကမှာ ကာဗွန်ကင်းစင်ရေးအဖြစ် စွမ်းအင်အသွင်ကူးပြောင်းမှုမှာ ပါဝင်ဖို့ အရင်းအမြစ်တွေရှိတယ်” ဟု Muchanga က ပြောခဲ့သည်။ (Xinhua)

………………………….
(English Version)
BRI cooperation with China boosts infrastructure connectivity in Africa: AU official
ADDIS ABABA, Sept. 25 (Xinhua) — China-Africa cooperation under the Belt and Road Initiative (BRI) has boosted infrastructure connectivity and integration across Africa, a senior African Union (AU) official has said.
This year marks the 10th anniversary of the China-proposed Initiative. “In those ten years, when we look at the landscape of Africa, we find very concrete evidence of the BRI,” said Albert Muchanga, AU commissioner for Economic Development, Trade, Tourism, Industry and Minerals.
He said joint infrastructure development between China and Africa under the BRI “made it very easy to connect African countries.”
“We have really been able to get a lot of benefit as Africa from the Belt and Road Initiative. We are very, very happy,” Muchanga said.
The AU commissioner emphasized the need to strengthen China-Africa cooperation in the energy sector to realize Africa’s aspirations to transition to cleaner energy.
“We are going into a green transition, and we need technology, and Africa has the resources to participate in the energy transition into de-carbonization,” Muchanga said.