Connect with us

Media

ဟန်ကျိုးအာရှအားကစားပွဲတွင် ဆုတံဆိပ်များရရှိရန် မြန်မာ့လက်ရွေးစင် လှေလှော်သမားများ ကြိုးပမ်းနေ

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိရန် မြန်မာ့လက်ရွေးစင် လှေလှော်သမားများ ကြိုးစားလေ့ကျင့်လျက်ရှိသည်။
မြန်မာရိုးရာလှေအဖွဲ့မှ မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများသည် ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက ဟန်ကျိုးအာရှအားကစားပွဲအတွက် ရည်ရွယ်ကာ စခန်းသွင်းလေ့ကျင့်မှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ အာရှအားကစားပွဲတွင် လှေလှော်အားကစားနည်းအဖြစ် အပြည်ပြည်ဆိုင်ရာလှေ၊ ကနူး/ကယက်နှင့် ရိုးရာလှေပြိုင်ပွဲ သုံးမျိုး ပါဝင်မည်ဖြစ်ပြီး မြန်မာလှေလှော်အဖွဲ့အနေဖြင့် ရိုးရာလှေပြိုင်ပွဲတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ သိရသည်။ (Xinhua)