Connect with us

Media

တရုတ်နိုင်ငံက နောက်ဆုံးပေါ်အဝေးထိန်းအာရုံခံဂြိုဟ်တု လွှတ်တင်

ကျိုချွမ် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ နောက်ဆုံးပေါ် အဝေးထိန်းအာရုံခံဂြိုဟ်တုအား စက်တင်ဘာ ၂၇ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Yaogan-33 04 ဂြိုဟ်တုအား Long March-4C သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၄ နာရီ ၁၅ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တုအား သိပ္ပံဆိုင်ရာလက်တွေ့သုတေသနများ၊ မြေယာသယံဇာတစာရင်းကောက်ယူမှုများ၊ သီးနှံအထွက်နှုန်း ခန့်မှန်းချက်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီးများ၏ ၄၈၉ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
China launches its latest remote sensing satellite
China on Wednesday sent its latest remote sensing satellite into space from the Jiuquan Satellite Launch Center in northwest China.
The satellite, Yaogan-33 04, was launched on a Long March-4C carrier rocket at 4:15 a.m. (Beijing Time), and has entered its planned orbit successfully.
It will be used for scientific experiments, land resource surveys, crop yield estimates, and disaster prevention and relief work.
The launch was the 489th flight mission of the Long March carrier rocket series.
Xinhua News Agency correspondents reporting from Jiuquan, China.(XHTV)